Local News political news

ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်ကျော်ဇော်၊ ဗိုလ်ချုပ်ဟောင်းမောင်မောင်စိုးအပါအဝင် စစ်တပ်အရာရှိ ၅ ဦးကို သြစတြေးလျက ထပ်မံပိတ်ဆို့အရေးယူ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ဆက်စက်ပြီး မြန်မာစစ်တပ်က အရာရှိကြီး ၅ ဦးကို သြစတြေးလျက ပိတ်ဆို့အရေးယူကြောင်း ဒီနေ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်နဲ့ ဗိုလ်ချုပ် မောင်မောင်စိုး တို့ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payneက ” ကျမတို့အနေနဲ့ ရခိုင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာစစ်အရာရှိကြီး ၅ ဦးကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ခရီးသွားလာမှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို လုပ်ဆောင်ထားပါတယ်” လို့ ပြောဆိုပါတယ်။

သိပ်မကြာသေးခင်ကပဲ ဆွစ်ဇာလန်နိုင်ငံက ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင် ၆ ဦးကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com