All News interview

” ဒီအလုပ်သမားတွေ (ဖုယွင်ဆန္ဒပြအလုပ်သမားများ) ပြန်ခန့်သင့်တယ်”

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးမြစိန်နှင့်တွေ့ဆုံမေးမြန်းချက်

By ပိုင်စိုးဦး (ရန်ကုန်ခေတ်သစ်/MPA)

အောက်တိုဘာလ ၁၅ ရက်နေ့က ဖုယွင်စက်ရုံမှ ဆန္ဒပြအလုပ်သမားများကို စက်ရုံပိုင်ရှင်က လူမိုက်ငှား၍ ရိုက်နှက်ခဲ့ရာ ယင်းရိုက်နှက်မှုအပေါ် မည်သိူ့မည်ပုံ ကိုင်တွယ်မည်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်ကို ရန်ကုန်ခေတ်သစ်နှင့်သတင်းဌာနတချို့က အခင်းဖြစ်နေရာတွင် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အောက်တိုဘာ ၁၅ ရက်နေ့ ဖြစ်စဉ်ကို သိသလောက် ပြန်ရှင်းပြပေးပါ။

ဖြေ။ ။ ဖြစ်စဉ်ကတော့ဗျာ။ ကျနော့်ကို ကျနော်ရဲ့ ဦးဆန်းလွင်၊ ထွေအုပ်က အုပ်ချုပ်ရေးမှူး လှမ်းအကြောင်းကြားတယ်။ ဒီလိုပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။ ကျေနာ်ရောက်လာတယ်။ ရောက်လာပြီးတော့ ဟိုရှေ့နား စက်ရုံနားမှာ ရှိနေတယ်။ နံနက် ၈ နာရီကျော်ကျော် လောက်တည်းကရှိနေတယ်။ ဒီနေ့ဖြစ်စဉ်လေးကို ကျနော်ကတော့ မျက်မြင်တော့မဟုတ်ဘူး။ တစ်ဆင့်ပြန်ကြားတာက ဆန္ဒပြပွဲတဲ့အဖွဲ့ ၄ ၊ ၅ ယောက်လောက်က အပေါက်ဝကို ပိတ်ထားတယ်တဲ့။ ပိတ်ထားတော့ ဒီဘက်ကလည်း လူမိုက်တွေ ငှားထားတယ်လို့ပြောတယ်။ ငှားထားတော့ နှစ်ဖက် ရိုက်ကြ၊ နှက်ကြ ဖြစ်တယ်လို့ ဆိုတယ်။ ကျနော်ကိုယ်တိုင်ပဲ တွေ့လိုက်တာက နာရေးကူညီမှုအသင်းက ကား နှစ်စီး၊ နောက်တစ်ခါ လိုက်ထရပ်တစ်စီး အားလုံး လူ ၃၀ လောက်ရှိမယ်ထင်ပါတယ်။ တင်သွားတယ်။

အပြင်းအထန်ဘယ်သူဖြစ်လဲဆိုတာတော့ ကျနော်လည်းမသိဘူး။ နောက်ဆုံးကြားတာက ၄ ယောက် နည်းနည်းပြင်းထန်တယ်လို့ဆိုတယ်။ အဲဒီတော့ ကျနော်ဘယ်သူ့ကို ဆက်လဲဆိုတော့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ကိုဇော်အေးမောင်ကိုဆက်တယ်။ နောက်တစ်ခါ ကျနော်တို့ ပြည်ထောင်စုဝန်ကြီးဌာနက ဒုညွှန်ချုပ်တစ်ဦးကို ဆက်တယ်။ တစ်ခါ ပြည်ထောင်စုအလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ကို ဆက်တယ်။ အမြဲတမ်းအတွင်းဝန်ကနေ ဝန်ကြီးကို ပြောခိုင်းလိုက်တယ်။ ပြီးတော့တစ်ခါ ရန်ကုန်တိုင်း နယ်/လုံဝန်ကြီးကိုကျနော်ဆက်တယ်။ အဲဒီလို ဆက်ပြီးတော့ ခဏလေး ငြိမ်သွားတယ်။ ကျနော်တို့က အစည်းအဝေးခေါ်ထားတယ်။ ၁၂ နာရီလောက်လာပါဆိုတော့။ ကျနော်တို့က အစည်းအဝေးလုပ်မယ်လည်း ဆိုတော့ ပစ်ကုန်ကြပြီ၊ ခတ်ကုန်ကြပြီဆိုတော့ ကမန်းကတမ်း ပြန်ပြေးလာရတယ်။ ပြန်ပြေးလာရတော့ ရဲတွေ ရောက်လာတယ်။ ကျနော်ကလည်း ပြောတယ်။ အပေါ်ကလည်း ဂွနဲ့ပစ်တယ်။ ဂွနဲ့ပစ်တာ ကျနော်တွေ့တယ်။ အဲဒီလို တွေ့တော့ ကျနော်က ပြောတယ် မင်းတို့ အဲဒီလို မလုပ်နဲ့။ အောက်ကလည်း ပစ်တယ်။ အောက်က ပစ်တော့ မှန်တွေကွဲတယ်။ ဆိုတော့ မင်းတို့ အဲဒီလို မလုပ်ကြနဲ့ ဥပဒေအတိုင်းသာ ဆောင်ရွက်။ ငါတို့က ဥပဒေအတိုင်းပဲ ဆောင်ရွက်စေချင်တယ်။

ဒီဇတ်လမ်းစပြီးတော့ ဖြစ်လာတာကလည်း အလုပ်သမားတွေကို သတိမပေးဘဲ ထုတ်လိုက်တဲ့အပေါ်မှာ ၊ ထုတ်ခံရတဲ့သူတွေကလည်း သမဂ္ဂတွေဖြစ်နေတယ်။ သမဂ္ဂ ၃၀ လောက်ကို ထုတ်လိုက်တယ်။ ထုတ်လိုက်တဲ့အပေါ်မှာ ပြဿနာစဖြစ်တာ။ သူတို့က အခြေခံလစာ သတ်မှတ်တဲ့အတွက် လူ ၅၀ လောက် ထုတ်မယ်လို့ ပြောတယ်။ ပြောပေမယ့် သေချာ စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျနော်က ဘာသွားတွေ့လဲဆိုတော့ သူတို့က နောက်ပေါက်ကနေ လူတော့ ခန့်နေတယ်။ ဒီအလုပ်သမား ၅၀ ထုတ်မယ်ဆိုတာ ၅၀ မထုတ်ဘဲ သမဂ္ဂ ၃၀ ကို ထုတ်လိုက်တယ်။ ထုတ်လိုက်တော့ အဲဒီမှာ စပြီး ပြဿနာတက်တာ။ အဲဒီတော့ ကျနော်က အလုပ်သမားဝန်ကြီးဌာနဲ့ ကိုဇော်အေးမောင်ကို ဒီအလုပ်သမားတွေ ပြန်ခန့်သင့်တယ်။ ဒီဖြစ်စဉ်မှာ ဆိုတော့ ဒီအလုပ်သမားတွေကို စပြီးတော့ စထုတ်တာက စက်ရုံက။ ကျနော်စာပို့တယ် ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကို ။ ဘယ်နေ့ကပို့လဲဆိုတော့ အောက်တိုဘာ ၄ ရက်နေ့ Date နဲ့။ ဘယ်သူ့ကိုပါ ပို့ထားလဲဆိုတော့ ဦးဇော်အေးမောင် အလုပ်သမားဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး။ ကျနော့် သဘောထားက အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ သူတို့ကို မေတ္တာရပ်ခံတယ်။

မေး။ ။ ဒီကိစ္စကို ဥပဒေကြောင်းအရ ဘယ်လို ဖြေရှင်းပေးမလဲ။ ခံနေရတာတွေလည်းရှိနေတယ်။

ဖြေ။ ။ ကျနော်က ဘာပြောလဲဆိုတော့ ဒီမှာ လူမိုက်တွေငှားတယ်။ တုတ်တွေကိုင်ထားတယ်။ ကျနော့်ရုံးကို Statment လေး တစ်ယောက်လောက် လာပေးပါ။ ပေးရင် တစ်ယောက်တည်းကိုပြော။ ပြောရင် ရဲကလည်း ဖမ်းလိမ့်မယ်။ ရဲကိုလည်း စုံစမ်းဖို့ ကျနော်ပြောထားပြီးပြီ။ ဓားကိုတောင် Search Form နဲ့ သိမ်းပါလို့ ပြောပြီးပြီ။ ကျနော်တို့က ဥပဒေပြုရေးပဲ ဆိုတော့ ဒီဟာကို ထိန်းကျောင်းတဲ့သဘောပဲ။ ကျနော် အခုသူ့ကို ပြောထားပြီးပြီ။ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ခင်ဗျား ဒီဟာကို စုံစမ်းသင့်တယ်။ လူသတ်မှုဖြစ်သွားတယ်။ တရားခံမပေါ်ဘူးဆိုရင်တောင် စုံစမ်းရတာကိုး။ အခုလည်း ကျနော့်ဘက်ကတော့ ပြည်သူအခြေပြုဖို့ ဆောင်ရွက်ပေးနေတယ်။

မေး။ ။ အခုလက်ရှိလူမိုက်တွေ စက်ရုံထဲမှာ ရှိနေတယ်ဆိုပြီးပြောတယ်။ အဲဒါ ဘယ်လိုဆောင်ရွက်ပေးမလဲ။

ဖြေ။ ။ ကျနော်အဲဒါ ပြောနေတာ။ ကျနော်တို့ကို တစ်ယောက်နှစ်ယောက်ဘယ်သူပါဆိုပြီး ပြော။ ၆ ယောက်ပါတယ်ဆိုရင်လက်ညှိုးထိုးပြ တစ်ယောက်ကိုပြော။ ဘယ်သူပါတယ် ဘယ်သူပါတယ်ဆိုရင် Action လိုက်မှာပေါ့။ ကျနော်တို့မှာ အကျပ်ရိုက်တယ်။ ဒီလူ ၊ ဒီလူ ပါတယ်ပြောရင် ကျနော်တို့ Action လိုက်ဖို့ ပြောထားပြီးပြီ။

မေး။ ။ လူစုလူဝေး ဖြစ်နေတဲ့ ပြည်သူတွေကို ဆရာဘာပြောချင်ပါလဲ။

ဖြေ။ ။ အဲဒီ တစ်ယောက်လောက်ကိုပဲ ဖော်ပေးပါ။ ရဲက သူ့ဟာသူ စစ်လိမ့်မယ်။ ဘယ်သူမှ မပါဘူးဆိုရင်တော့ သူ့နည်းသူ့ဟန်နဲ့ စုံစမ်းဖို့ ပြောပြီးပါပြီ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ စုံစမ်းပါ။ ဓားတစ်ချောင်း တွေ့တယ်ပြောတော့ ရှာဖွေပုံစံနဲ့ သိမ်းပါ ပြောထားတယ်။

မေး။ ။ ပြည်သူတွေ ဒီအထဲမှာ လူမိုက်တွေ ရှိနေတယ်လို့ ပြောနေကြတယ်။

ဖြေ။ ။ ကျနော်တို့က နှစ်ဖက်တွေ့ဖို့ ပြန်လာတာ။ ထွေ/အုပ်ရုံးမှာ တွေ့မယ်ဆိုလို့ ထွေ/အုပ်ရုံးသွားတယ်။ ထွေ/အုပ်ရုံးမှာ မဟုတ်ဘူးဆိုတော့ ဒုတိယအကြိမ်ပြေးတာ။ အခု ပြန်လာတယ်။ ဒီမှာ ညှိမယ်ဆိုလို့။

မေး။ ။ အချိန်ကြာလာရင် ဒီမှာ လူတွေက ပိုများလာပြီးတော့ ပြဿနာ ပိုမဖြစ်လာနိုင်ဘူးလား။

ဖြေ။ ။ ကျနော်က ပွင့်ပွင့်လင်းလင်းပြောရင် အခုပဲ တိုင်းရဲတပ်ဖွဲ့မှူးက လုံခြုံရေးကို အဓိကထားပြီးတော့ သူတို့အလုပ်သွားအလုပ်ပြန်ကို ကြည့်ပါလို့ ပြောတယ်။ ကျနော်ကအခုဘာပြောလဲ။ ကုမ္ဗဏီတစ်ခုအတွက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကနေ သူတို့ အလုပ်အသွား အပြန်ကို စောင့်ရှောက်ဖို့ ရေရှည်မှာ တာဝန် မရှိဘူး။ ကျနော်က ဒါပဲ။ ကျနော်က မျှမျှတတပဲ သွားတယ်။ကျနော် မှန်ကန်တဲ့ဘက်ကပဲ ရပ်မယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts