All News Business Crime

“ချက်ကြီး” လို့ နာမည်ကြီးတဲ့ ရွှေလုပ်ငန်းရှင် ဦးညီညီဦးကို ဒေါ်လာဈေးကစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက်မှာ ချက်ကြီး ဆိုတဲ့ နာမည်နဲ့ အရောင်းအဝယ် လုပ်နေတဲ့ ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးညီညီဦး(ခ) ချက်ကြီး ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ စသုံးလုံး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။

“ဒီနေ့အမှုဖွင့်တာပါ။ ပန်းဘဲတန်းရဲစခန်းမှာပါ။ သူ့နာမည်က ဦးညီညီဦးပါ။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ပါ” လို့ ဦးအောင်မျိုးက ပြောပါတယ်။

ချက်ကြီးလို့ နာမည်ကြီးတဲ့ ဦးညီညီဦးဟာ ရွှေဘုံသာလမ်းအတွင်းက ဘဏ်ကြီးတစ်ခုမှာ ဘဏ်ပိတ်ချိန်ကျော်လွန်ပြီး ငွေသွင်းငွေထုတ် လုပ်နိုင်တဲ့အတွက် ရွှေကုန်သည်အများစုနဲ့ ဒေါ်လာဝယ်ရောင်း အများစုက သတိထားမိနေခဲ့ကြတာ ၁ နှစ်ကျော်ပြီလို့ ရွှေကုန်သည်တွေက ဆိုပါတယ်။

ဘဏ်မန်နေဂျာနဲ့ တိုက်ရိုက်ချိတ်ဆက်လုပ်ေ်ဆာင်တာလား၊ ဘဏ်ပိုင်ရှင်ကိုယ်တိုင် ဒီလို ငွေသွင်းငွေထုတ်ပြုနိုင်ဖို့ ခွင့်ပြုထားတာလားဆိုတဲ့မေးခွန်းတွေကတော့ ဈေးကွက်ထဲမှာ အမြဲလိုလို ရွှေကုန်သည်နဲ့ဒေါ်လာကုန်သည်တွေကြားမှာ မေးမြန်းနေကြတဲ့ မေးခွန်းတွေလည်းဖြစ်ပါတယ်။

ဦးညီညီဦးဟာ ရွှေနဲ့ဒေါ်လာကို လက်ကြီး ဝယ်ယူ ရောင်းနိုင်စွမ်းရှိပြီး အဓိကအားဖြင့်တော့ ရွှေကို အနည်းဆုံး အထုပ် ၅၀ ( ပိဿာ ၅၀ )ကနေ အထုပ်ရာချီ ဝယ်ယူနိုင်စွမ်းရှိတယ်လို့ ရွှေကုန်သည်တွေက ဆိုပါတယ်။

“လက်ကြီးဝယ်နိုင်တယ်။ ရွှေအထုပ် ၁၀၀ (ပိဿာ ၁၀၀) လောက် ဝယ်လိုက်ရင်ကို ဈေးက ဆွဲမသလို တက်သွားတာပဲလေ။ အလှုပ်အရမ်းကာလမှာ အဝယ်၊ အသိမ်းများခဲ့တာတွေရှိတယ်” လို့ ဒေါ်လာနဲ့ ရွှေသမားတစ်ဦးက ပြောပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒေါ်လာနဲ့ ရွှေ လုပ်ကိုင်နေတဲ့ ၅ ဦးကို ဖမ်းဆီး အမှုဖွင့်ထားပြီး အခုနောက်ဆုံး ဖမ်းဆီးမှုကြောင့် အရေးယူခံရသူ ၆ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အရေးယူခံရသူ ၆ ဦးမှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်တွေထဲက ဦးအောင်ဆန်း၊ ဦးညီညီဦး ပါဝင်နေပါတယ်။

လတ်တလော ရွှေဘုံသာလမ်းဒေါ်လာဈေးကွက်ကပျက်နေပြီး ဒေါ်လာဝယ်ရောင်း လက်ကြီးသမားတချို့ ပြည်ပနိုင်ငံတွေအထိ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com