All News Business

ကန်ဒေါ်လာဈေးတက်၍ ရွှေဈေး ၁၀ သိန်း ပြန်ဖြစ်၊ ဗဟိုဘဏ်တွင် ဒေါ်လာ ၁၁ သန်းကျော် လေလံဝယ်လိုအားတက်

ရန်ကုန်၊ အောက်တိုဘာ ၉

မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုးပြန်လည်မြင့်တက်လာ၍ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းအထိ ဈေးပြန်တက်လာကြောင်း ရန်ကုန်တိုင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာသည် တစ်ဒေါ်လာလျှင် ၁၅၅၅ ကျပ်ဝန်းကျင်ပြန်လည်မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ပုဂ္ဂလိကဘဏ်များမှ Customer Dealing ဒေါ်လာ ပမာဏ ၁၁ သန်းကျော်ရှိခဲ့ပြီး ပျှမ်းမျှ ဖြစ်ပေါ်လာသည့်ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၅၅၆ ကျပ်နှုန်းဖြစ်ကြောင်း၊ ဗဟိုဘဏ်ကဆောင်ရွက်သည့် ရောင်းချပေးသည့် Spot Dealing သည် အမေရိကန်ဒေါ်လာ ၁၆၅၀၀၀၀ ဒေါ်လာရှိခဲ့ပြီး ပျှမ်းမ ျှငွေလဲနှုန်းသည် တစ်ဒေါ်လာ ၁၅၈၁ ကျပ်ရှိကြောင်း၊ ဗဟိုဘဏ်က အောက်တိုဘာလ ၉ ရက်နေ့အတွက် ရည်ညွှန်းငွေလဲနှုန်း ၁၅၀၅ ကျပ်သတ်မှတ်ကြောင်း သိရှိရသည်။

“ရွှေဈေးက ၁၀ သိန်းပတ်ချာလည် တက်ပေမယ့် အရောင်းအဝယ်မရှိဘူး။ အရောင်းများတယ်။ ဈေးကွက်ကအေးပါတယ်။ ရွှေဆိုင်ကတော့ ပွင့်လင်းရာသီဆိုတော့ ရွှေအရောင်းအဝယ် နည်းနည်း ပြန်လှုပ်လာတယ်ပေါ့။ မီးလင်းဈေးကွက်တော့ နည်းပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ဗဟိုဘဏ်တွင် ပုဂ္ဂလိကဘဏ်များတင်ပြသည့် လေလံများနှင့် ဗဟိုဘဏ်က သတ်မှတ်သော ပျှမ်းမျှငွေလဲနှုန်းများအရ ဒေါ်လာဈေးနှုန်းမှာ ဆက်လက်မြင့်တက်အနေအထားရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com