Local News political news

Mytel နဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ပိတ်ဆို့ဖို့ EU နိုင်ငံတချို့ စဉ်းစားနေ

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်တပ်ရဲ့ ကျောထောက်နောက်ခံ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်းတို့က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အပါအဝင် MyTel ဆက်သွယ်ရေးကုမ္မဏီကို ပါ အရေးယူ ပိတ်ဆို့မှု လုပ်ဖို့ ဥရောပသမဂ္ဂ(EU) ဘက်က စဉ်းစားနေတယ်လို့ သံတမန်တွေ ကိုးကားပြီး RFA သတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော်ခေါင်းဆောင်တချို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးဖြစ်ပေမယ့် ထပ်မံပိတ်ဆို့ရေး စဉ်းစားနေကြောင်း၊ အထူးသဖြင့်တော့ စစ်တပ်ပိုင် ကျောက်မျက်၊ ကြေးနီ၊ ရွှေ၊ အဝတ်အထည်နဲ့ ဘိလပ်မြေလုပ်ငန်းတွေအပါအဝင် ဆက်သွယ်ရေးကုမ္ဗဏီMytel ကို ပါ ပိတ်ဆို့ ဖို့ စဉ်းစားနေတာလို့ EU သံတမန်တွေက ဆိုပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငွေကြေးစနစ် ထိခိုက်မှာတွေကိုလည်း ထည့်သွင်းစဉ်းစားနေတယ်လို့ သတင်းက ဖောြ်ပပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ဝေဖန်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com