All News Crime

ဘားအံအကျဉ်းထောင်ဖောက်ပြေးသူ ၁၈ ဦး လွတ်မြောက်နေဆဲ၊ ၂ ဦးထပ်မံ ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၀

ဘားအံအကျဉ်းထောင်ဖောက်မှုတွင် ထွက်ပြေးသွားသော အကျဉ်း ၄၁ ဦးအနက်မှ ၂ ဦးကို ယနေ့ ထပ်မံ ဖမ်းဆီးရရှိပြီး ကျန် ၁၈ ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေပြီး ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသော အကျဉ်းသား (၂၀)ဦးအနက်မှ အောင်အောင် (ခ)ဖာစွပ် (၃၅)နှစ်၊ (ဘ)ဦးကမာလူတင်၊ မွတ်ဆလင်/ အစ္စလာမ်၊ တောင်ပိုင်းရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့၊ လက်နက် ၁၉(င) (ထောင်ဒဏ် ၂နှစ်) ကို မင်းဇီအထက်ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ မင်းဇော်(ခ)သံချောင်း (၃၈)နှစ်၊ (ဘ)ဦးငွေလာ၊ အမှတ်(၉)ကွင်းပိုင်း၊ ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်၊ မူး/စိတ်ပုဒ်မ ၁၅ အမှုနှင့် မူး/စိတ်ပုဒ်မ ၁၉(က)အမှုဖြင့် ထောင်ဒဏ်(၁၄)နှစ်ကို ဘားအံမြို့၊ တောင်ကလေးစစ်ဆေးရေးဂိတ်၌ စက်မှုဇုံနယ်မြေစခန်း နှင့် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ဇော်လင်း ဦးစီးတပ်ဖွဲ့ဝင်များ စစ်ဆေးလျက်ရှိရာ လှိုင်းဘွဲမှ ဘားအံသို့ လိုင်းကားဖြင့်ရုပ်ဖျက်လိုက်ပါလာသော မင်းဇော်(ခ)သံချောင်းအား မသကာၤသဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်ခန့်အချိန်ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသာ အကျဉ်းသား ၁၉ ဦးနှင့်ပတ်သက်၍ မိမိတို့ အနီးပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကျဉ်းထောင်ဖောက်ပြေးမှုတွင် ဦးဆောင်သူအပါအဝင် ၂ ဦးကို အသေဖမ်းဆီးရမိထားပြီဖြစ်ပြီး ထောင်ဖောက်မှုအတွက် တာဝန်ရှိသော ဘားအံအကျဉ်းထောင်ဝန်ထမ်းများကို အကျယ်ချုပ်ချ ဖမ်းဆီးစစ်ဆေးမှုများ သက်ဆိုင်ရာ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts