Local News political news

“အပြစ်မရှိဘဲ ပြစ်ဒဏ်ချခံရလို့ သူတို့ယူကျုံးမရဖြစ်နေတယ်”

ရန်ကုန်၊ စက်တင်ဘာ ၃

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပြီးတဲ့နောက် အင်းစိန်ထောင်မှာ ရှိနေတဲ့ သူတို့နှစ်ဦးကို ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိက သွားရောက် ထောင်ဝင်စာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ သူတို့နှစ်ဦးစလုံးက အပြစ်မရှိဘဲ ပြစ်ဒဏ်ချခံရလို့ သူတို့ ယူကျူံးမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ စိတ်ပျက်အားငယ်ခြင်းမရှိဘဲ စိတ်ဓာတ်ခိုင်ခိုင်မာမာရှိနေတယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကို ကျခံဖို့ ပြင်ဆင်နေတာတွေလည်းရှိပါတယ်။

“ထမင်းချက်စားမယ်။ အပင်လေး စိုက်မယ်ပေါ့။ သူတို့ ပြင်နေကြတယ်။ ရယ်ရယ်မောမောပါပဲ” လို့ မပန်းအိကဆိုပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦး ကို ထောင်ဒဏ် ၇ နှစ်အပြစ်ပေးလိုက်တာနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက လက်ရှိအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts