All News Business

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူမေးမြန်းခံနေရသည့် ဒေါ်လာနှင့်ရွှေလက်ကြီး အရေအတွက် ၁၅ ဦးထက်မနည်းရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားမဝင်ငွေလဲဈေးကွက်တွင် ဒေါ်လာဈေးဆွဲတင်မှုနှင့်ပတ်သက်ပြီး ခေါ်ယူမေးမြန်းနေသည့် ဒေါ်လာနှင့်ရွှေကုန်သည် အရေအတွက်မှာ ၁၅ ဦးထက်မနည်းရှိနေကြောင်း သိရှိရသည်။

“အခုထက်ထိတော့ ခေါ်မေးနေတာ ၁၅ ဦးနဲ့ ၂၀ ကြားလောက်ရှိမယ်။ အဓိကက နေပြည်တော်က တိုက်ရိုက်ကိုင်တယ်ပေါ့။ ဖမ်းတာမဟုတ်ဘူး။ ခေါ်မေးနေတာ။ ဒေါ်လာသီးသန့် လုပ်တဲ့သူတွေ၊ ဒေါ်လာနဲ့ရွှေ ရောပြီး လုပ်တဲ့သူတွေပေါ့။ ရွှေသီးသန့်ကိုင်တဲ့ ရွှေကုန်သည်တွေတော့ မပါသေးဘူး။ ခေါ်မေးတယ်ဆိုတော့ ဘာတွေ ဆက်ဖြစ်မလဲ မသိကြဘူး။ ရှောင်တဲ့သူတွေလည်း ဆက်ရှောင်နေကြတယ်” ဟု အမည်မဖော်လိုသော နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၄ ရက်နေ့စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒေါ်လာနှင့်ရွှေကုန်သည်များကို တရားမဝင်ငွေလဲဈေးကွက်တွင် ဈေးဆွဲတင်သည်ဆိုသော သတင်းများကြောင့် ခေါ်ယူစစ်ဆေးလျက်ရှိရာ ယမန်နေ့ ဒေါ်လာနှင့်ရွှေဈေးကွက်ရပ်ဆိုင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များက တင်ပြသည့် ဒေါ်လာလိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲရှိပြီး ဗဟိုဘဏ်က ဒေါ်လာ ၁ သန်းထုတ်ရောင်းခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲဈေးနှုန်းမှာ ၁၅၈၂ ကျပ်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts