Local News political news

အထက်ရဲရွာ ရေကာတာစီမံကိန်းနယ်မြေတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အထက်ရဲရွာ ရေကာတာ စီမံကိန်းအနီးတဝိုက်မှာ နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်စဉ် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ချုပ်နှောင်ခြင်း၊ ပေါ်ဆွဲခေါ် လမ်းပြအဖြစ် အသုံးပြုခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အစိုးရစစ်တပ်များက ရှမ်းပြည်နယ်တောင်ပိုင်းရှိရွာသူ ရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း အထက်ရဲရွာရေကာတာအအနီးတဝိုက်တွင် နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်စဉ် ကလေး သူငယ် များ နှင့် သက်ကြီးရွယ်အိုများအား ချုပ်နှောင်ထားခြင်း၊ ပေါ်တာဆွဲခါလမ်းပြ အဖြစ်သို့ ဆင့်ခေါ် စေခိုင်းခြင်းတွေ လုပ်ဆောင်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုပါတယ်။

၂၀၁၈ခုနှစ် ဇူလှိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အထိ ခမရ ၁၁၅၊ ခမရ ၅၀၁၊ ခမရ ၅၀၄၊ ခမရ ၅၀၅၊ ခမရ ၅၀၆ တပ်ရင်း ၅ ရင်းမှ တပ်သားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာရေကာတာ တည်ရာ မြောက်ဘက်ရှိ ရွာများတွင် နယ်မြေရှင်းလင်ရေး ပြုလုပ်ခဲ့ကြကြောင်း ၊ နယ်မြေရှင်းလင်းစဉ် ရွာသား ၂၁ ဦးတို့အား ပေါ်တာဆွဲခါလမ်းပြအဖြစ် ၅ရက် ကျော်ကြာ အတင်း အဓမ္မခိုင်းစေခဲ့သည့်အပြင် မြန်မာစကား နားမလည်တဲ့သူတွေကို ရိုက်နှက်ခြင်း၊ ခြေဖြင့် ကန်ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ပါတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်မဲမြိုနယ်မှ SNLD ကိုယ်စားလှယ်တစ်ဦးက ကြားဝင် ဖြေ ရှင်း ပေးမှသာ ရွာသား၂၁ဦး တို့ ပြန်လည်လွှတ်ပေးခဲ့ပြီး အသက်ကြီးရွယ်အိုများ၊ အ မျိုး သမီးများနှင့် ကလေးသူငယ် အပါအဝင် လူ ၅၀ ကျော်တို့အား ကျွဲတင်း ကုပ်ထဲတွင် ၃ ညတိုင်တိုင် ချုပ် နှောင်ခဲ့သည့်အပြင် အဲဒီရွာအတွင်းတွင်လည်း အစိုးရစစ်သားများက သေနတ်များ ပစ်ဖောက်ခဲ့ ကြ တယ်လို့ သိရပါတယ်။

နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ် လက်ရှိတည်ဆောက်နေဆဲဖြစ်တဲ့ အထက်ရဲရွာရေကာတာကို ဒေသခံ ရွာသူရွာ သားများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကြောင်း၊ ၂၀၁၈ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် SNLD လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့က ဒေသအတွင်းသို့ ကွင်းဆင်းလှ့ည်လည် လေ့လာခဲ့ပြီး ဆွစ်ဇလန်၊ ဂျာမနီ ၊ ဂျပန်နှင့် တရုတ် နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါ ရေကာတာကြီး ရပ်တန့် ရန်ပြောဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ပူဒေသများနှင့် ပဋိပက္ခဖြစ်ပွါးရာ ဒေသအတွင်း ရေကာတာဆောက်လုပ်တာနဲ့ပတ်သက်လို့ ရှမ်းလူ့ အခွင့် အရေးမဏ္ဍိုင် SHRF အနေနဲ့ ကြာမြင့်စွာအကြိမ်ကြိမ်သတိပေးခဲ့သည့်အပြင် လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း၌ အထက်ရဲ ရွာ ရေကာတာအနီး အခြေစိုက်သည့်အစိုးရစစ်တပ်က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကို လည်း မှတ်တမ်းထုတ်ပြန်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လ တုန်းက ရေကာတာလုံခြုံရေးစစ်သားက ဆိုင် ကယ် မောင်း နှင်လာသော ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့ တာကို လည်း မှတ်တမ်းတင်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts