All News Local News

အထက်ရဲရွာရေကာတာ ခိုင်ခံ့မှု မရှိသည့် သတိပေး အရိပ်လက္ခဏာရှိ၍ ဖျက်သိမ်းပေးရန် ဒေသခံများ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊ နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် ဆောက်လုပ်နေဆဲ အထက်ရဲရွာရေကာတာ စီမံကိန်းသည် ခိုင်ခံ့မှုမရှိသည့် သတိပေး အရိပ်လက္ခာဏာများ ရှိနေသည့်အတွက် ဖျက်သိမ်းပေးရန် ဒေသခံ တာလုံရွာသားများက တောင်းဆိုလိုက်ကြသည်။

ဒေသခံ ရွာသူရွာသားများက ရေကာတာကျိုးပဲ့ပျက်စီးမည့်အလားအလားအပါအဝင် လူမှုရေးနယ်ပယ်နှင့် သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရော က်မှု ဖျက်ဆီးစေသော ကြောင့် အထက်ရဲရွာရေကာတာ စီမံ ကိန်း ကိုဖျက်သိမ်းပေး ရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ရေကာတာတည်ဆောက်မှု အရည်အသွေးနိမ့်သည့်အထောက်အထားကိုအစီအရင် ခံခဲ့ကြောင်း၊ ၂၀၁၅ခုနှစ်တွင် ကြီးကျယ်စွာ ရေကြီးသဖြင့် ရေကာတာအုတ်မြစ်များ ရေတိုက်စားမှုများဖြစ်ခဲ့ပြီး ယခုနှစ်တွင် ရေကာတာဘေးရှိ ကွန်ကရစ်ဆင်ခြေလျှောကျား ကန်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ဒါဟာကြိုတင်သတိပေးနေသည့်လက္ခဏာတစ်ရပ်အဖြစ် ရှင်းလင်းထင်ရှားပါတယ်။ ဒီအထက်ရဲရွာ ရေ ကာ တာဟာ ဘေးအန္တရာယ်တစ်ခုအဖြစ်ဖန်တီးနေပါတယ်။ ထိုကြောင့် အမြန်ဆုံးဖျက်သိမ်းမှဖြစ်မယ်” ဟု တာလုံရွာမှ နန်းလောဝ်ခမ်းက ဆိုပါသည်။

အထက်ရဲရွာရေကာတာ အထူးသဖြင့် ရေကာတာခိုင်ခံ့မှုမရှိသည်ကို ရှင်းလင်းသည့် အရိပ်လက္ခဏာ များ ကို လွှတ်တော်သို့ တင်ပြတင်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရေကာတာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် ထိုသို့ ဒေသခံ ရွာသားများက ထပ်မံတောင်းဆိုခြင်းဖြစ်သည်။

အထက်ရဲရွာ စီမံကိန်းအတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တာင်းခံထားသည့် ဘတ်ဂျက်ကို ဖြတ်တောက်ပြီး စီမံကိန်း လုပ်ငန်းများကို ဆိုင်းငံပေးရန်ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က လွှတ်တော်တွင် တင်ပြသော်လည်း လျှပ်စစ်ဝန်ကြီးဌာနက စီမံကိန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည်၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး လတ်တလော ၃၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှ ရေအား လျှပ်စစ်ဓါတ်အား ၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည်။

အထက်ရဲရွာရေကာတာစီမံကိန်းတွင် ပါဝင်သက်နေသည့် ဂျာမနီအင်ဂျင်ယာကုမ္ပဏီ Lahmeyer International သည် ကျိုးပြိုပျက်စီးခဲ့သည့် လာအိုနိုင်ငံက Xe-Pian Xe-Namnoy ရေကာတာ တည်ဆောက်ရန် အကြံပေးခဲ့သည့် Belgian company Tractebel ENGIE ၏လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts