All News Local News

သတင်းမှန်သိခွင့်ရှိရေး လူထုလှုပ်ရှားမှု အာဏာပိုင်များ ပိတ်ပင်

ဓာတ်ပုံ- အာဏာပိုင်များနှင့် ချီတက်ပွဲဦးဆောင်မည့်သူတို့ ယမန်နေ့က ညှိနှိုင်းကြစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မြို့ တွင် စက်တင်ဘာလ ၁၆ ရက်နေ့ ကျင်းပပြုလုပ်ရန်ရှိနေသော သတင်းမှန်သိခွင့်ရှိရေး လှုပ်ရှားမှုကို အာဏာပိုင်များက ခွင့်မပြုဘဲ ပိတ်ပင်နေကြောင်း သိရှိရသည်။

သတင်းထောက် ၂ ဦးလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော စက်တင်ဘာလ ၁၆ ရက်နေ့ သတင်းမှန်သိခွင့် လှုပ်ရှားမှုအတွက် ချီတက်ဆန္ဒပြပွဲ ကျင်းပရန် လျှောက်ထားခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုဘဲ တာမွေဟစ်တိုင်တွင်သာ ကျင်းပရန် အကြောင်းပြန်ကြားခဲ့သည်။

ချီဆက်န္ဒပြပွဲအဖြစ် ဗိုလ်စိန်မှန်ကွင်းရှေ့မှ ဆူးလေအထိလည်းကောင်း၊ သခင်မြပန်းခြံမှ ဆူလေး အထိလည်းကောင်း၊ ဆူးလေ မြို့တော်ခန်းမရှေ့တွင်လည်းကောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြရန် စီစဉ်ထားသော်လည်း အာဏာပိုင်များက ငြင်းပယ်နေဆဲဖြစ်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ချီတက်ပွဲ ဦးဆောင်မည့်သူကို ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ များက တွေ့ဆုံ၍ ညှိနှိုင်းခဲ့သော်လည်း ရလဒ်တစ်စုံတစ်ရာ မထွက်ဘဲ ပြီးဆုံးခဲ့သည်။

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံနေရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts