All News Local News

သတင်းမှန်ရရှိရေးနှင့် ဖမ်းဆီးခံ သတင်းထောက်များ ပြန်လွှတ်ပေးရေး လှုပ်ရှားမှု ချီတက်ပွဲ အာဏာပိုင်များ ခွင့်မပြု၊ အခြေအနေ တင်းမာဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၃

သတင်းမှန်ရရှိရေးနဲ့ ဖမ်းဆီးခံသတင်းသမား ၂ ဦး ပြန်လည် လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို သတ်မှတ် လှုပ်ရှားဖို့ စီစဉ်ထားပြီး ရန်ကုန်မှာ ပြုလုပ်ဖို့ ရှိနေတဲ့ ချီတက်ပွဲ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ခွင့်မပြုဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ကျင်းပဖို့ ရှိနေတဲ့ သတင်းမှန် ရရှိရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ချီတက်ပွဲတွေ အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြတဲ့အခါမှာ အာဏာပိုင်တွေဘက်က ခွင့်မပြုဘဲ ရှိနေတာကြောင့် တကယ်လို့လှုပ်ရှားမှုတွေရှိလာရင် နှစ်ဖက်အကြားမှာ တင်းမာမှုတွေ ရှိနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကို သတင်းမှန်ရရှိရေးနဲ့ ဖမ်းဆီးခံ သတင်းထောက်များ လွတ်မြောက်ရေးအတွက် ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပြီး သိပ်မကြာခင်မှာ လှုပ်ရှားမှုအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါင်းစုံက ကြေညာချက်တွေနဲ့ အသေးစိတ် အစီအစဉ်တွေကို ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com