All News Local News

သတင်းထောက် ၂ ဦးလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ RSF တောင်းဆို

ရန်ကုန်၊စက်တင်ဘာ ၈

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်Christophe Deloireက ထောင်ချောက်ဆင်ဖမ်းဆီးထားတဲ့ သတင်းထောက် ၂ ဦးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts