All News Business

ရွှေလေပတ်ကား မလုပ်ကြဖို့ ရန်ကုန်၊မန္တလေးက တားမြစ်ချက်တွေ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်နဲ့မန္တလေးရွှေဈေးကွက်တွေမှာ ရွှေလေပတ်ကားအရောင်းအဝယ်မလုပ်ကြဖို့ သက်ဆိုင်ရာ အသင်းတွေက တားမြစ်ချက် အသီးသီးထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ရွှေလေပတ်ကားနဲ့ ဒေါ်လာပတ်ကားအရောင်းအဝယ်တွေကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ အလွန်အမင်းမြင့်တက်လာပြီးတဲ့နောက် ဒီလို ရွှေလေပတ်ကား မလုပ်ကြဖို့ အသင်းအနေနဲ့ စတင်ပြီး တားမြစ်ချက်တွေ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

“ငွေမရှိဘဲ ရွှေကို အရောင်းအဝယ်မလုပ်ကြဖို့၊ တကယ်ရွှေရှိ ငွေရှိမှ လုပ်လို့ရမယ်။ လေပတ်ကားကို လုံး၀ မလုပ်ဖို့ တားမြစ်တာပါ။ ရန်ကုန်၊ မန္တလေး ရွှေအသင်း နှစ်သင်းစလုံးက ထုတ်ပြန်ထားပါတယ်” လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ရွှေဈေးက အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၀၀၀၀ နီးပါးအထိမြင့်တက်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ကတော့ ရွှေတစ်ကျပ်သားကို ၁၀၁၂၀၀၀ အထိ ဈေးပြန်လည် ကျဆင်းလာနေပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာလည်း ရွှေဈေး ထပ်အေးဖို့ရှိတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts