All News Local News

ရိုက်တာသတင်းထောက် ၂ ဦး ထောင် ၇ နှစ်ချခံရမှု ပြည်တွင်းပြည်ပ ဖိအားပေးဝေဖန်၊ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ပြန်အပ်သင့်သလား စကားဝိုင်း CNN တင်ဆက

ဓာတ်ပုံ-ငိုကြွေးနေသော ကိုကျော်စိုးဦး၏ ဇနီး။(Photo Credit- MPA)

ရန်ကုန်၊ စက်တင်ဘာ ၄

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်သည့်အပေါ် ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက ဖိအားပေးဝေဖန်နေကြပြီး ကမ္ဘာကျော် CNN သတင်းဌာနက “ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပြန်အပ်သင့်သလား” ခေါင်းစဉ်ဖြင့် စကားဝိုင်းတင်ဆက်ခြင်းဖြင့် ဝေဖန်မှုများ အရှိန်မြင့်တင်လာနေသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်မှုသည် မြန်မာနိုင်ငံက သွားနေသည့် ဒီမိုကရေစီ ခရီးအတွက် အဟန့်အတားတစ်ခုဖြစ်ပြီး သတင်းထောက် ၂ ဦးကို ချက်ချင်း ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်က တောင်းဆိုလိုက်ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nicky Haley၊ ဗြိတိန် ဝန်ကြီးချုပ် Theresa May၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Christoph Burger၊ EU ဥရောပသမဂ္ဂ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Federica Mogherini
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Iqbal Sobhan Chowdhury၊ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardsonတို့ဟာ ရိုက်တာသတင်းထောက် ၂ ဦးကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုကြကြောင်း VOA မြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။

ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများကလည်း ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ လူမဆန်သော သတ်ဖြတ်မှုများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် ရိုက်တာသတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို ပြန်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန် ၊ တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ရန် အဖွဲ့အစည်းပေါင်း ၇၆ ခု က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

အလားတူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံနိုင်ငံခြားသတင်းထောက်များအသင်း၊ ရခိုင်သတင်းသမားများ အသင်း၊ Pen Myanmar ၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၊ အမေရိကန်သံရုံး၊ ဒိန်းမတ်သံရုံး ၊ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရိုက်တာသတင်းထောက်၂ ဦးကို ပြစ်ဒဏ်ချမှတ်မှုအပေါ် ကြေညာချက်များထုတ်ပြန် ရှုံ့ချနေကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts