Local News political news

ရိုက်တာသတင်းထောက် ၂ ဦး ထောင်ချခံရမှု မန္တလေးနှင့်ပြည်တွင် ကန့်ကွက်ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၄

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည့်အပေါ် မန္တလေးနှင့်ပြည်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများ စတင်ပြီဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မန္တလေး အခြေစိုက် သတင်းသမားများက Free Wa Lone & Kyaw Soe Oo စာတမ်းနှင့် ဓာတ်ပုံပါ စာရွက်များကို ကိုင်လျက် မဟာမုနိဘုရားတွင် သတင်းသမားများ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ပဲခူးတိုင်း ပြည်မြို့တွင် သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများစုပေါင်း၍ ရိုက်တာသတင်းထောက် ၂ ဦးလွတ်မြောက်ရေး ဆန္ဒပြလှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

လတ်တလော သတင်းသမား ၂ ဦး ထောင်ချခံရမှုနှင့်ပတ်သက်၍ ပြန်လည် တုံ့ပြန်ရန် သတင်းမီဒီယာသမားများအားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ယနေ့ညနေ ၃ နာရီတွင် ခေါ်ယူထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com