All News Local News

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်ချခြင်းသည် ဒီမိုကရေစီပုံရိပ်နှင့် ဥပဒေကို မျက်ကွယ်ပြုခြင်းဟု MPC ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၄

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သတင်းမီဒီယာဥပဒေတို့ကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

သတင်းထောက် ၂ ဦးကို ထောင်ချခြင်းသည် သတင်းများ လွတ်လပ်စွာ သတင်းရယူ ဖော်ထုတ်ရေးသားပိုင်ခွင့်ကို ထိခိုက်စေရုံသာမက ပြည်သူများထံ သတင်းလွတ်လပ်စွာ စီဆင်းမှုကိုလည်းကောင်း၊ ဒီမိုကရေစီနိုင်ငံတော်၏ ပုံရိပ်ကိုလည်းကောင်း များစွာ ထိခိုက်စေကြောင်း၊ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်ချမှတ်မှုအပေါ် များစွာ ဝမ်းနည်းရကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်တွင် ဖောြ်ပထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts