Local News political news

မြန်မာ့တပ်မတော်အပေါ် ကုလသမဂ္ဂနှင့် ICC ဖိအားပြင်းထန်လာ၊ စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ လိုပြီဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကုသလမဂ္ဂနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ ဖိအားက ပြင်းထန်လာနေပြီး စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြညနယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေနဲ့ အကြံပြုချက်တွေပါတဲ့ စာမျက်နှာ ၄၀၀ကျော်ရှိ အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂက အချက်အလက်ရှာဖွေရေးအဖွဲ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ တင်သွင်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက တောင်းလိုက်ကြပါသေးတယ်။ အစီရင်ခံစာမှာလည်း တပ်မတော်အနေနဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ မပါဝင်သင့်ဘူးလို့ ဖော်ပြထားသလို စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့လည်း ရွေးချယ်ခံ အစိုးရက ဆောင်ရွက်သင့်တယ်လို့ ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံတကာရဇဝတ်ခုံရုံး(ICC) ကလည်း မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးတင်လာမှုနဲ့ပတ်သက်လို့ အချက်အလက်တွေကို စတင် လေ့လာ စုံစမ်းတော့မှာဖြစ်တယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က ဆိုပါတယ်။

ICC အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ မကြာသေးမီက ဆုံးဖြတ်ပြီးတဲ့နောက် လေ့လာစုံစမ်းမှုတွေကို စတင်လာတာလည်းဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ICC ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ငြင်းပယ်မှုတွေ တောက်လျှောက် လုပ်နေတာလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts