All News Local News

မြန်မာပြည်ရှိ ဆည်တာတမံ ၂၀၀ နီးပါး ပြန်စစ်ဆေးရန်လို၊ နှစ်ပေါင်း ၅၀ သက်တမ်းအတွက်သာ တည်ဆောက်ခဲ့ခြင်းဖြစ်၍ အန္တရာယ်ရှိဟုဆို

ဓာတ်ပုံ- ဆွာချောင်းတမံ ကျိုးပေါက်မှုကြောင့် တမံအနီး ရှိ ကျွန်းတောစုကျေးရွာမှာ လုံးဝပျက်စီးသွားသည်။(Photo Credit- MPA)

ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာနိုင်ငံရှိ နိုင်ငံတစ်ဝန်း တည်ဆောက်ထားသော ဆည်၊ တာ၊ တမံပေါင်း ၂၀၀ နီးပါးကို ပြန်လည် စစ်ဆေးရန်လိုအပ်နေပြီး အဆိုပါ ဆည်၊ တာ၊ တမံများသည် နှစ် ၅၀ သက်တမ်းအတွက် သာ တည်ဆောက်ခဲ့ခြင်းဖြစ်၍ လက်ရှိတွင် ၁၀ နှစ်သက်တမ်းကျော်လာပြီဖြစ်ကြောင်း ဆည်နှင့်တာတမံများနှင့်ပတ်သက်၍ ကျွမ်းကျင်သူ ဦးတင့်ဆန်းက ပြောသည်။

ဦးတင့်ဆန်းသည် ဆည်မြောင်းဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“ဆည်မှန်သမျှကတော့ အန္တရာယ်ရှိတာပဲ။ အမြဲတမ်း စစ်ဆေးနေရမယ်။ အခု ဒီမှာ ဆောက်တာတွေ အားလုံးက နှစ် ၅၀ သက်တမ်းပဲ။ ဆည်တွေဆိုတာကလည်း မြစ်အထက်ပိုင်းမှာရှိတာဆိုတော့ အောက်ပိုင်းမှာ မြို့တွေ၊ ရွာတွေရှိနေတာပဲ။ အဲဒီတော့ အဓိကက စစ်ဆေးမှုတွေ အမြဲမပြတ် လုပ်ဖို့လိုတယ်။ ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဆွာချောင်းတမံဆိုရင်လည်း ဖြစ်သွားတာက နည်းနည်းပေမယ့် ထိခိုက်မှု အရမ်းများတယ်။ ဒါတောင် သိပ်ပြီး ဖြစ်တာမျိုးမဟုတ်ဘူးနော်” ဟု ဦးတင့်ဆန်းက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီက ဆွာမြို့ ဆွာချောင်းတမံရေထိန်းတံခါး ကျိုးပေါက်ပျက်စီးခဲ့သည့်အတွက် လူ ၄ ဦး ရေနစ်သေဆုံးကာ ၃ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ရပ်ကွက်ကျေးရွာအုပ်စု ၅၀ ကျော ်ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်သူ ၆၀၀၀၀ ကျော်ကို ရေလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts