Local News political news

ဘားအံအကျဉ်းထောင်ဖောက်မှု ၏ ခေါင်းဆောင်အပါအဝင် ၂ ဦးအသေဖမ်းမိ၊ ဆေးမှုဖြင့် ပြစ်ဒဏ်ကျသူ အများဆုံးပါဝင်

ဝင်းလွင်

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ယမန်နေ့က အကျဉ်းသား ၄၁ ဦး ထွက်ပြေးသွားခဲ့ရာမှာ ၁၄ ဦး ပြန်လည်ဖမ်းမိခဲ့ပြီး ယင်းတို့တွင် အကျဉ်းထောင်ဖောက်မှု ခေါင်းဆောင်ဖြစ်သူနှင့် အခြား ၁ ဦးကို အသေဖမ်းမိရရှိခဲ့ကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ၏ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

“၁၄ ဦးမှာ ခေါင်းဆောင်ဖြစ်တဲ့သူကိုလည်း အသေမိထားတယ်။ ကျန်တဲ့ သူ ၁ ဦးကို အသေမိတယ်။ အခုတော့ အားလုံး ပိုက်စိတ်တိုက်ရှာနေတယ်။ ပြည်သူတွေပေါင်းဖမ်းပေးလို့လည်း အဲဒီ ၁၄ ဦး ပြန်မိတာပါ။ ထွက်ပြေးတဲ့သူတွေထဲမှာ အများဆုံးက ဆေးမှုတွေ ပါနေတယ်” ဟု ဦးသန်းနိုင်က ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ အချိန်ခန့်တွင် ထောင်သား ၄၁ ဦးသည် ထောင်ပိုင် အမှိုက်သိမ်းကားကို လုယုထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး အကျဉ်းဦးစီးအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထွက်ပြေးသွားသူများတွင် လူသတ်မှု၊ လက်နက်မှု၊ မူးယစ်ဆေးမှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများပါဝင်ကြောင်း သိရှိရသည။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts