All News Local News

ဖမ်းဆီးခံ သတင်းသမား ၂ ဦး လွတ်မြောက်ရေး နေပြည်တော်နှင့် မော်လမြိုင်တွင် ဆန္ဒပြလှုပ်ရှား

ရန်ကုန်၊ စက်တင်ဘာ ၇

ဖမ်းဆီးခံ သတင်းသမား ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေးအတွက် နေပြည်တော်နှင့် မော်လမြိုင်မြို့တို့တွင် ဆန္ဒပြလှုပ်ရှားမှု များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်တွင် ယမန်နေ့ ညနေပိုင်းက နေပြည်တော်အခြေစိုက် သတင်းသမားများ စုပေါင်း၍ သတင်းနှစ်ဦးလွတ်မြောက်ရေးအတွက် ဝတ်ပြု ဆုတောင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

စက်တင်ဘာလ ၇ ရက်နေ့ တွင် မော်လမြိုင်မြို့တွင် ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက်ရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြကြကြောင်း သိရှိရသည်။

 

Photo Credit- Myint Soe

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com