All News Business

နာမည်ကျော် ခရီးသွားလုပ်ငန်းလမ်းညွှန် Travel Fish က မြန်မာနိုင်ငံကို သပိတ်မှောက်

 

ရန်ကုန်၊ စက်တင်ဘာ ၁၁

အရှေ့တောင်အာရှမှာ နာမည်ကျော် ခရီးသွားလုပ်ငန်း လမ်းညွှန်စာအုပ်ထုတ်ဝေနေတဲ့ Travel Fish က မြန်မာ့ခရီးသွားလုပ်ငန်းတွေအကြောင်း ဖော်ပြမှုတွေ ရပ်ဆိုင်းပြီး သပိတ်မှောက်လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးတာ၊ ရခိုင်ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွားလာမှုဆိုင်ရာတွေကို ဖော်ပြနေတာကို ရပ်ဆိုင်းလိုက်တာလို့ Travel Fish ရဲ့ ထူထောင်သူ Stuart McDonaldက ပြောပါတယ်။

Travel Fish ရဲ့ အွန်လိုင်း Website ကနေ မြန်မာနိုင်ငံက ဟိုတယ်တွေကို ချိတ်ဆက် ဘိုကင်ယူခဲ့ကြရာက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကိုလည်း ရိုက်တာသတင်းထောက် ၂ ဦးရဲ့ မိသားစုတွေကို ပြန်လည် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ၅ နှစ်တာ ဒီမိုကရေစီအပြောင်းအလဲတွေ ရှိခဲ့တဲ့အချိန်မှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိလိမ့်မယ်ဆိုတဲ့ စဉ်းစားချက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့အဲဒီမျှော်လင့်ချက်တွေက တိုင်းပြည် အနောက်ပိုင်းကလူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ပြာတွေအောက်မှာ မြှပ်နှံခံလိုက်ရပါပြီ” လို့ Stuart McDonald ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ ပေါ်မူတည်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းသတင်း အချက်အလက်တွေကို ပြန်လည် ဖော်ပြဖို့ စဉ်းစားမယ်လို့လည်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီလို သပိတ်မှောက်မှုက မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် ကျဆင်းမှုတွေ ကြုံတွေ့စေမှာဖြစ်ပြီး လတ်တလောမှာ လာမယ့် ခရီးသွားရာသီမှာ ကမ္ဘာလှည့်ခရီးသည် နည်းပါးနိုင်ကြောင်း၊ အထူးသဖြင့် ဟိုတယ်ဘိုကင်တွေ အင်မတန်နည်းပါးနေတယ်လို့ ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com