Local News political news

ဒေါ်လာငွေကြေးကစားသူများကို အရေးယူမည်ဟု အစိုးရပြော၊ ရွှေဘုံသာလမ်းအခြေပြု၍ ဒေါ်လာ ဈေးဆွဲတင်ကစားသူ လက်ကြီးသမား ၅ ဦးမှ ၇ဦးထိ ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေမှုနှင့်ပတ်သက်ပြီး ငွေကြေးကစားသူများကို စိစစ်အရေးယူသွားရန် ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့ သမ္မတအိမ်တော်တွင် ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

မဂိုလမ်းခေါ် ရွှေဘုံသာလမ်းတွင် အမေရိကန်ဒေါ်လာကို လောင်းကစားဆန်ဆန် လေပတ်ကား ကစားမှု ယခင်က မရှိခဲ့သော်လည်း ယခုအခါ ရှိလာပြီဟု ကြားသိထားကြောင်း၊ ယခင်အစိုးရခေတ်က ဒေါ်လာငွေရောင်းသူများကို ဆွဲစိ၍ ဖြေရှင်းသော်လည်း ယခုခေတ်တွင်မူ ထိုသို့ မလုပ်လိုကြောင်း၊ စာရင်းဇယားများနှင့်တကွ သေချာစိစစ်နေကြောင်း၊ စိစစ်မှုများအပေါ် မူတည်၍ အရေးယူမှု Action များလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေဘုံသာလမ်းခေါ် မဂိုလမ်းတွင် နာမည်ကြီး ဒေါ်လာ ဝယ်ရောင်း ပြုလုပ်၍ ဈေးဆွဲတင်သူ ၅ ဦးမှ ၇ ဦးခန့်အထိ ရှိပြီး အဆိုပါ ဒေါ်လာ ဝယ်ရောင်းလက်ကြီးများကို ဒေါ်လာဝယ်ရောင်းဆက်စပ်သော ကုန်သည်အားလုံးက သိရှိကြောင်း၊ သက်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကလည်း သိရှိကြောင်း၊ ငွေကြေးအင်အားကောင်း ကောင်းဖြင့် ဒေါ်လာတန်ဖိုးမြင့်တက်လာစေရန် ဆွဲတင်မှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်ခဲ့ကြပြီး ပြည်တွင်းဘဏ်ကြီးတစ်ခုကလည်း ဒေါ်လာ ဝယ်ရောင်းလက်ကြီးသမားတစ်ဦးကို ညနေ ၅ နာရီ ဘဏ်ပိတ်ချိန် ကျော်လွန်သည်အထိ ငွေသွင်း၊ ငွေထုတ်ဝန်ဆောင်မှု ပေးမှု များရှိနေကြောင်း ရွှေဘုံသာလမ်းမှ အမည်မဖော်လိုသူ လိုင်စင်ရ ငွေလဲဒိုင်တစ်ဦးက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts