Local News political news

ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဟောင်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ယနေ့ စွဲချက်လိုက်ကြောင်း သိရှိရသည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) စွပ်စွဲချက်ကို ပလပ်လိုက်ပြီး ပုဒ်မ ၁၂၂(၁) ၊၅၀၅(ခ)တို့ဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။ ပုဒ်မ ၁၂၂(၁)- မည်သူမဆို မြန်မာနိုင်ငံအတွင်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည့်ပုဒ်မဖြစ်သည်။

စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့ကို ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း စာပေဟောပြောပွဲနှင့်ဆက်စပ်၍ ဖမ်းဆီးခြင်းဖြစ်ပြီး ယင်းစာပေဟောပြောပွဲပိတ်ပင်ရာမှ အဓိကရုဏ်းဖြစ်ပွားပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ရာ လူသေဆုံး ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့သည်။

 

Photo Credit- Development Media Group

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts