All News China Watch

တရုတ်အစိုးရ၏ Global Times သတင်းစာက မြန်မာအစိုးရကို ကာကွယ်သည့် အယ်ဒီတာ့အာဘော် ဖော်ပြ

ရန်ကုန်၊ စက်တင်ဘာ ၆

တရုတ်အစိုးရရဲ့ အာဘော် Global Times သတင်းစာက အနောက်အုပ်စုအနေနဲ့ မြန်မာရဲ့ အသံကို နားထောင်သင့်တယ်လို့ ပြောဆိုပြီး ရိုက်တာသတင်းထောက် ၂ဦး ထောင်ချခံခဲ့ရတဲ့ ကိစ္စ ၊ ရခိုင်ပြည်နယ်မှ မွတ်စလင် အရေး ဖိအားပေးမှုတွေအပေါ်မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးထောင်ဒဏ် ၇ နှစ်အပြစ်ပေးမှုက မြန်မာ့ဥပဒေတွေနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် တိုက်ခိုက်မှုတွေက လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ကို မွတ်စလင်တွေအအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အစီရင်ခံစာထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံက ငြင်းဆိုထားကြောင်း၊ အနောက်နိုင်ငံတွေအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မပေးနိုင်ဘူးလို့လည်း ရေးသားထားပါတယ်။

ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံလို မွတ်စလင်အရေးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အနောက်အုပ်စုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတဲ့ အမည်ခံ နဲ့ အခြေအနေမှန်ကို ပြန်လည် စဉ်းစားဖို့လိုတယ်လို့လည်း အာဘော်က ရေးပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအမည်ခံပြီး ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်၊ ၂၀၀၃ ခုနှစ်မှာ အီရတ်၊ ၂၀၁၁ မှာ လစ်ဗျားကို ကျူးကျော်ခဲ့ကြကြောင်း၊ အမည်ခံနိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာဟာ နိုင်ငံပေါင်း ၁၉၀ ကို ကိုယ်စားမပြုဘဲ တစ်ဒါဇင်လောက်ပဲရှိတဲ့နိုင်ငံကို ကိုယ်စားပြုတာဖြစ်ကြောင်း ဆိုပါတယ်။

နိုင်ငံငယ်လေးဖြစ်တာနဲ့ ရှင်းပြခွင့် မငြင်းပယ်သင့်ဘူးလို့ ထင်ကြောင်း၊ အနောက်အုပ်စုအနေနဲ့ မြန်မာရဲ့ အသံကို မကြားသလို လုပ်နေတာ ရပ်ဖို့ အချိန်တန်နေပြီ မ ျှမ ျှတတ ဖြစ်ဖို့ ဆိုရင်တော့ မြန်မာရဲ့ အသံကို မကြားချင်ယောင်ဆောင်တာတွေ ရပ်တန့်ဖို့လိုတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်တဲ့အခါမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts