All News Local News

ကိုဝလုံးနှင့်ကိုကျော်စိုးဦး လွတ်မြောက်ရေး ပြည်တွင်းပြည်ပ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို သတ်မှတ်

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဆောင်ရွက်ကြဖို့ ပြည်တွင်းအခြေစိုက် အသံအဖွဲ့အပါအဝင် လူမှုအဖွဲ့အစည်းတွေက သတ်မှတ်တိုက်တွန်းချက် တစ်ရပ် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၆ ကို ကိုဝလုံးနဲ့ကိုကျော်စိုးဦး လွတ်မြောက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ပြီး ပြည်တွင်းမှာလည်း နိုင်ငံတစ်ဝန်း လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လိုလှုပ်ရှားမှုတွေဆိုတာ အခုအချိန်အထိ တိတိကျကျ မသိရသေးသလို တစ်စုံတစ်ရာ ထုတ်ပြန်မှုတွေလည်းမရှိသေးပါဘူး။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် တရားရုံးက ချမှတ်ထားတာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com