All News Local News

ကိုဝလုံးနှင့်ကိုကျော်စိုးဦး လွတ်မြောက်ရေး ဆောင်ရွက်ဖို့ အမတ် ၈၀ ကျော်က အမေရိကန်အစိုးရကို တောင်းဆို

ဓာတ်ပုံ- ရန်ကုန်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦး လွတ်မြောက်ရေး ဆန္ဒပြပွဲ။

ရန်ကုန်၊ စက်တင်ဘာ ၁၈

အမေရိကန်လွှတ်တော်အမတ် ၈၀ ကျော်က မြန်မာနိုင်ငံမှာ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ရင်း ထောင်ချခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး အမေရိကန်အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် အမတ်တွေစုပေါင်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို ဒီသတင်းထောက် ၂ ဦး အရေး ပိုမိုအာရုံစိုက်ဖို့နဲ့ ချက်ချင်းလွတ်မြောက်ရေး ဆောင်ရွက်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဆောင်ရွက်ဖို့ စာရေးသားတောင်းဆိုလိုက်တာပါ။

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်တယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်ကျခံဖို့ အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts