All News Business

အိန္ဒိယသို့ မြန်မာ့ရွှေစီးနေ၊ ပြည်တွင်းရွှေအရောင်းအဝယ် မကောင်း

ရန်ကုန်၊ သြဂုတ် ၂၃

ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ် မကောင်းဖြစ်နေတဲ့အတွက် မြန်မာ့ရွှေဟာ အိန္ဒိယဈေးကွက်ကို စီးဆင်းတာတွေရှိနေတယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်းမှာ စီးပွားရေးတွေ ကျဆင်းနေတာကြောင့် ရွှေအရောင်းအဝယ်လုံး၀ မကောင်းဘဲ ရောင်းလိုသူများ ပြားနေကြောင်း၊ ဒေါ်လာဈေး အဆမတန် မြင့်တက်ချိန်က ရွှေဝယ်ယူမှု တစ်ချို့ရှိခဲ့ပေမယ့် ငွေလဲနှုန်းနဲ့ ပတ်သက်လို့ အစိုးရက ကိုင်တွယ်တော့မယ်ဆိုတဲ့ အခြေအနေမှာ ဒေါ်လာ ဝယ်ရောင်းလုပ်သူတွေ နည်းသွားသလို ရွှေဝယ်သူတွေလည်း နည်းပါးသွားခဲ့တယ်လို့ သိရပါတယ်။

“စီးပွားရေးက လုံးဝမကောင်းဘူး။ ရွှေက ရောင်းသူပဲများနေတယ်။ ပုံမှန်ဆိုရင် ရွှေအဝယ်ဆိုတာက တောင်သူတွေက တကယ်သုံးကြ၊ ဝယ်ကြတာ။ ဒီနှစ်က ရေကြီး၊ သီးနှံတွေပျက်တော့ တောင်သူတွေလည်း အကြွေးတွေပတ်လည်ဝိုင်းတယ်။ အဲဒီတော့ ရွှေဝယ်ဖို့ နေနေသာသာ သူတို့ဟာသူတို့တောင် အတော်လေးကို ရုန်းကန်နေရတာ။ ပြည်တွင်းရွှေကတော့အိန္ဒိယဘက်ကို စီးတာတော့ရှိပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်ေးရးမှူး ဦးဝင်းမြင့်က ပြောသည်။

လတ်တလော ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၉၅၀၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Photo Credit- GNLM

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com