All News Local News

အမှုသည်ထံမှ ငွေ ၁၂ သိန်းနှင့် လက်ဆောင်ပစ္စည်းတောင်းသည့် ရှေ့နေ အရေးယူခံရ

အမှုသည်ထံမှ ငွေ ၁၂ သိန်းနှင့် လက်ဆောင်ပစ္စည်းတောင်းသည့် ရှေ့နေ အရေးယူခံရ

By ဝင့်ထည်လင်း

အမှုအောင်မြင်ရေးအတွက် အမှုသည်ထံမှ ငွေကျပ် ၁၂ သိန်းကျော်နှင့်လက်ဆောင်ပစ္စည်းများ တောင်းခံခဲ့သည့်အတွက်တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်သည်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင်နေထိုင်သော တရားလွှတ်တော်ရှေ့နေဒေါ်ခင်အေးသည် ငွေးကြေးနှင့်ပစ္စည်းလက်ဆောင်များတောင်းယူပြီး အမှုအား ပြီးဆုံးအောင်ဆောင်ရွက်မပေးခြင်းကြောင့် အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့သော အမှုဖြစ်သည်။

ထိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တရားရုံး၏ ဇာရီအမှုနှင့်ပတ်သက်၍ အမှုသည်ကိုယ်စား တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်သည့်တာဝန်အောင်မြင်ရေးအတွက် အကြောင်းပြပြီး အမှုသည်ထံမှ ကျပ်ငွေ တစ်ဆယ့်နှစ်သိန်းကိုးသောင်းတိတိနှင့်လက်ဆောင်ပစ္စည်းများတောင်းယူခဲ့ခြင်း ပေါ်ပေါက်သည်ဟုဆိုသည်။

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်း၌ သြဂတ်လ ၁၄ နေ့ကပထမသတင်းပေးတိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟုသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts