All News Crime

အဆိုတော်၂ ဦးနဲ့ ဒါရိုက်တာ ၁ ဦး မူးယစ်ဆေးမှုဖြင့် အဖမ်းခံရပြီးနောက် အနုပညာရှင်တွေ ဆေးမသုံးဖို့ ရုပ်ရှင်အစည်းအရုံး တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၂၄

အဆိုတော် ရွှေထိုက်၊ အဆိုတော် ရသ နဲ့ ဒါရိုက်တာ မိုက်တီးတို့ မူးယစ်ဆေးဝါးနဲ့ အဖမ်းခံရပြီးတဲ့နောက် အနုပညာရှင်တွေအနေနဲ့ မူးယစ်ဆေးဝါးမသုံးကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ အစိုးရအနေနဲ့ တမျိုးသားလုံး လူညွှန့်တုံးစေမယ့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်တဲ့ ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းဝယ်၊ သုံးစွဲခြင်းတွေကို ထိရောက်စွာ နှိမ်နင်းနေကြောင်း၊ ရုပ်ရှင်လောကသားတွေအနေနဲ့ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ခြင်းနဲ့ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ တိုက်တွန်းတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တိုက်တွန်းချက်မှာ ဖော်ပြထားတာပါ။

မူးယစ်ဆေးဝါးဟာ ရုပ်ရှင်လောကသားတွေကြားမှာ ခေတ်အဆက်ဆက် တွင်ကျယ်စွာသုံးစွဲမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts