political news

လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးမည့် ရခိုင်လွတ်လပ်သော ကော်မရှင် ဆန့်ကျင်မှုများ ကြုံရနိုင်ဟု NLD ပြန်ကြားရေးဗဟိုကော်မတီ အတွင်းရေးမှူးပြော

ရန်ကုန်၊ သြဂုတ် ၁

နိုင်ငံတော်သမ္မ္မတရုံးက ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်သော ရခိုင်ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်သောကြောင့် ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့ရနိုင်ကြောင်း NLD ပြန်ကြားရေးဗဟိုကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုသည်။

ပြည်တွင်းတွင် ဆန့်ကျင်ကန့်ကွက်မှုများ ရှိလာနိုင်သော်လည်း လက်ရှိ ဖွဲ့စည်းလိုက်သော ကော်မရှင်သည် အလုပ်ဖြစ်နိုင်ကြောင်း၊ မြန်မာ့အရေးကို နားလည်သော နိုင်ငံများမှ ပညာရှင်နှင့်သံတမန်များဖြစ်ခြင်းကြောင့် အဆင်ပြေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကော်မရှင်မှာ ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီရဲ့ ဥက္ကဋ္ဌဟောင်း သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဟောင်း ဦးမြသိန်း၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက် တို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။

” ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်ပြီး ဖွဲ့တာဆိုတော့ ကျနော်သိသလောက် ဖိလစ်ပိုင်ဆိုတာကလည်း ငြိမ်းချမ်းရေးကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းတဲ့ ကိစ္စတွေမှာ တော်တော် လေးအတွေ့အကြုံရှိတယ်။ အတွေ့အကြုံရှိတော့ ဖိလစ်ပိုင်ကို တာဝန်ပေးတာကလည်း ဒါလည်း ကောင်းတဲ့ဟာပါပဲ။ ဖိလစ်ပိုင်မှာ သိတဲ့အတိုင်းပဲ အများကြီးဖြစ်ခဲ့တာပဲ။ အဆင်ပြေမယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ခဏခဏ ပြောတယ်။ ရခိုင်ကိစ္စက နိုင်ငံတကာ ကိစ္စဖြစ်သွားပြီ။ နိုင်ငံတကာက ကိုယ်စားလှယ်တွေပါတဲ့ ဒီလိုအဖွဲ့တွေဖွဲ့ပြီး လုပ်တာက အဆင်ပြေတယ်။ ဆန့်ကျင်မှုဆိုတာက ကန့်ကွက်မှုတွေက ရှိလာနိုင်ပါတယ်။ သို့သေ်ာလည်းပဲ ဒီဟာတွေက အလုပ်မှမလုပ်ရသေးဘဲ ထိုင်ကန့်ကွက်နေလို့ကလည်း အလကားပဲ” ဟု မုံရွာအောင်ရှင် ကဆိုသည်။

ရခိုင်နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များကမူ ဒေသခံရခိုင်တိုင်းရင်းသားများ အလေးမထားဘဲ နိုင်ငံခြားသားများနှင့်ဖွဲ့စည်းထားသောကြောင့် ကော်မရှင်ကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts