Local News political news

ရခိုင်တွင် မတည်ငြိမ်မှု ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

ရန်ကုန်၊ သြဂုတ် ၂၂

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံကိုသာမက ဒေသတွင်း နိုင်ငံများကို ရိုက်ခတ်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကျင်းပသော ဒီမိုကရေစီအပြောင်းအလဲနှင့်ရှေ့ခရီး ဟောပြောချက်တွင် သူက ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သော အခြေအနေများသည် လူသားချင်းစာနာမှု အကျပ်အတည်းများကို ကြုံတွေ့စေသည့်ဖြစ်စဉ်များပေါ်ပေါက်စေပြီး အကြမ်းဖက်သမားမျးာ၏ လှုပ်ရှားမှုများလည်း ရှိနေဆဲဖြစ်ကြောင်း၊ လုံခြုံရေး ပြဿနာများကို ဖြေရှင်းမှု မပေးနိုင်သမျှ ကာလပတ်လုံး လူမှု အသိုင်းအဝိုင်းများအကြား မတည်ငြိမ်မှုများ ကြုံတွေ့နိုင်သည့်အပြင် အန္တရာယ်ရှိကြာင်း၊ ယင်းဒေသ၏ မတည်ငြိမ်မှုဆိုင်ရာ ခြိမ်းခြောက်မှု အကျိုးဆက်များသည် မြန်မာနိုင်ငံကိုသာမက ဒေသတွင်းသို့ပါ ရိုက်ခတ်မှု ရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts