All News Local News

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရေဘေးသင့်ဒုက္ခသည်များအတွက် ကျပ်သိန်း ၄၀၀၀ ကျော် လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၂၃

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့က ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော ရေဘေးသင်ေ့ဒသများမှ ရေဘေးသင့်ပြည်သူများအတွင် ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကို ( သိန်းပေါင်း ၄၃၆ ၆၈၁ ၂၂၂ ) လှူဒါန်းကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

“ဒီနေ့လှူဒါန်းလိုက်ပါတယ်။ ကျနော်တို့ ညီနောင်တိုင်းရင်းသားအဖွဲ့တွေက ရေဘေးသင့်ပြည်သူတွေနဲ့ အတူရှိနေတာဆိုတာ ပြချင်တာပါ” ဟု လားရှိုးအခြေစိုက် ၀ တပ်ဖွဲ့ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကပြောသည်။

အဆိုပါအလှူငွေများကို ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံ ယနေ့ သွားရောက် လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယင်းရေကြီးရေလျှံမှုကြောင့် လူဦးရေသိန်းချီ အတိဒုက္ခရောက်ခဲ့ရပြီး လယ်မြေဧက ၉ သောင်းကျော် ပျက်စီးသွားကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com