All News Crime

မန္တလေးတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေပြီး ၁ ဦး အခြေအနေစိုးရိမ်ရ


ရန်ကုန်၊ သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်တွင် တစ်ဦးသေဆုံးပြီး တစ်ဦးမှာလည်း ဒဏ်ရာ စိုးရိမ်ရကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅လမ်း၊ မနော်ဟရီလမ်းနှင့် မြတ်လေးလမ်းကြားတွင် သြဂုတ် ၁၃ရက်နေ့ နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အခြားဆိုင်ကယ်ပေါ်မှ အမျိုးသား ၂ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူများကို ဖမ်းဆီးထားကြောင်း သိရှိသည်။

အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com