All News Local News

ပြည်သူလူထူသတင်းမှန်သိခွင့်ရှိရေးနှင့် သတင်းထောက် ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြမည်

ရန်ကုန်၊ သြဂုတ် ၃၀

ပြည်သူလူထုသတင်းမှန်သိခွင့်ရှိရေးနှင့် ဖမ်းဆီးခံထားရသော ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်သတင်းသမားများ စုပေါင်း ဆန္ဒပြလှုပ်ရှားမည်ဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ဘူတာရုံလမ်းမှ စတင်ပြီး ရန်ကုန်- အင်းစိန်ကားလမ်းမကြီးတစ်လေ ျှာက် ချီတက်ဆန္ဒပြပြီး အင်လျားကန်ဘောင်တွင် ဆန္ဒပြမှု အဆုံးသတ်မည်ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၊ တက်ကြွလှုပ်ရှားသူများ ၊ ပြည်သူများ အပါအဝင် စုစုပေါင်း အင်အား ၃၀၀ ဦး တက်ရောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

“ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးမှာ သတင်းအချက်အလက်တွေ လူထုက မှန်မှန်ကန်ကန်ရှင်းရှင်းလင်း လင်းသိဖို့ပေါ့။ အဲဒါက အခြေခံ အခွင့်အရေးပဲ။ တကယ်လို့ ဒီလိုပြည်သူလူထုကို သတင်းမှန်ပေးနေတဲ့ သတင်းထောက်တွေ ထောင်ချအဖမ်းခံရရင် လူထုတွေ သတင်းမှန်းသိဖို့ အင်မတန်ခက်ခဲသွားပြီ။ ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်တော့ သတင်းထောက်တွေ ဖမ်းဆီးခံရတာဟာ ပြည်သူတွေရဲ့ သတင်းမှန်သိခွင့် ပိတ်ပင်ခံရတယ်ဆိုတာ ကို ရှင်းလင်းပြောပြ တောင်းဆိုကြမယ့်ပွဲ” ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါလှုပ်ရှားမှုကို လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ် ရဲစခန်းများသို့ တရားဝင်တင်ပြ လေ ျှာက်ထားပြီး တရားဝင်ခွင့်ပြုချက်နှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်လ ျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းထောက် ၂ ဦးမှာ လာမည့် စက်တင်ဘာလ ၃ ရက်နေ့တွင် တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com