All News

နှစ်စဉ် သူနာပြု ၃၆၀၀ တိုးမြှင့်ခေါ်ယူမည်

ရန်ကုန်၊ သြဂုတ် ၉

ကျန်းမာရေးဝန်ကြီးဌာနက နှစ်စဉ် သူနာပြု ၁၈၀၀ သာ ခေါ်ယူလျက်ရှိရာမှ ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူပြီး ခက်ခဲသော ဒေသများသို့ သူနာပြုများ တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပခုက္ကူမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါက်တာမြင့်ထွေးက ဒေါ်အောင်ဆန်းစုကြည် စေခိုင်းချက်အရ ပခုက္ကူပြည်သူများသို့ ယင်းသို့ ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဆေးရုံများ ကုတင် တိုးမြှင့်ရန် လိုအပ်ချက် ရှိ၊ မရှိ စိစစ်ရန် ညွှန်ကြားထားကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts