All News Local News

ဒေါ်အောင်ဆန်းစုကြည် ရာထူးနုတ်ထွက်သင့်ပြီလို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

ရန်ကုန်၊ သြဂုတ် ၃၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုမှာ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲနှုတ်ဆိတ်နေမှုအတွက် ရာထူးကနေ နုတ်ထွက်သင့်ပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး ဇာယိအယ်လ်ဟူစိန်က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ဘီဘီသတင်းဌာနကို အဲဒီလို ပြောဆိုလိုက်တာဖြစ်တယ်လို့ ဘီဘီစီသတင်းဌာနက သတင်းဖော်ပြပါတယ်။

မကြာခင်မှာ အနားယူတော့မယ် လူ့အခွင့်အရေးမဟာမင်းကြီး ဇာယိအယ်လ်ဟူစိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်အပေါ် ကျူးလွန်မှုများတွေမှာ စစ်တပ်ကို ကာကွယ်ပေးနေသလိုဖြစ်နေပြီး မြန်မာစစ်တပ်အတွက် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို ထိန်းချုပ်လို့မရဘူးလို့ ပြောဆိုနေပေမယ့်လည်း စစ်တပ်ရဲ့ ချိုးဖောက်မှုတွေကို ရှုံ့ချဖို့ ပျက်ကွယ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲနေကြတာပါ။

နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

မကြာသေးမီက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာစစ်တပ်ဟာ မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး ထုတ်ပြန်ကာ နိုင်ငံတကာရာဇဝတ်ခုံရုံး တင်သင့်တယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com