Local News political news

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို အကြည်ညိုပျက်စေရင်တရားစွဲမယ်ဆိုတဲ့ မကွေးတိုင်းNLD ရဲ့ ထုတ်ပြန်ချက် ဗဟိုက ရုပ်သိမ်းဖို့ ညွှန်ကြားရန် မရှိ

ရန်ကုန်၊ သြဂုတ် ၁၆

မကွေးတိုင်းNLD က မြို့နယ်အသီးသီးတွင် Facebook မှလည်းကောင်း၊ အင်တာနက်စာမျက်နှာမှလည်းကောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကို အကြည်ညိုပျက်အောင် ရေးသားမှုများကို ဥပဒေပညာရှင်များနှင့်ညှိနှိုင်း၍ တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို NLD ဗဟိုက ပြန်ရုပ်သိမ်းဖို့ ညွှန်ကြားရန် မရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

မကွေးတိုင်းNLD ညွှန်ကြားချက်သည် ဗဟိုက ညွှန်ကြားခြင်းမဟုတ်ကြောင်း၊သို့ရာတွင် ရုပ်သိမ်းရန်လည်း ညွှန်ကြားဖို့ မရှိဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ဒေါက်တာမျိုးညွှန့်နှင့် ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ မကွေးတိုင်းNLD က ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအစိုးရနဲ့ တိုင်းအစိုးရကို အင်တာနက်နဲ့ ဖေ့ဘုတ်စ်တွေပေါ်မှာ ဝေဖန်တာတွေ အကြည်ညိုပျက်အောင် လုပ်တာတွေကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲဖို့စာထုတ်တယ်။ အဲဒီအပေါ် ဗဟိုရဲ့ သဘောထားက….။

ဖြေ။ ။ သူတို့ရဲ့ တိုင်းအလိုက် ဆောင်ရွက်ချက်တစ်ခုပဲဖြစ်ပါတယ်။

မေး။ ။ လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်စေဘူးလား။

ဖြေ။ ။ ဘယ်လိုအမှုမျိုးကို တရားစွဲမယ်ဆိုတာ ကျနော်တို့မသိရသေးဘူး။ ပုဂ္ဂိုလ်ရေးအရ သက်သက် စော်ကားတိုက်ခိုက်တာမျိုးဆိုရင် တစ်မျိုးပေါ့။ ကိုယ်ရဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာ ဖော်ထုတ်တာဆုုိရင်တော့ ဒါဥပဒေအရလည်း ပြဋ္ဌာန်းထားပြီးသားပါ။လွတ်လပ်စွာ ထုတ်ဖော်ခွင့်လား၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်အောင်လုပ်တာလားဆိုတာ ဥပဒေအရ ရင်ဆိုင်တဲ့အခါမှာ ပေါ်ပေါက်လာမှာပါ။ ကျနော်တို့ရဲ့ မူကတော့ဖြစ်နိုင်ရင် အဖွဲ့ချုပ်အတွင်းမှာ ရှိတဲ့ ပြဿနာတွေဆိုရင် အဖွဲ့ချုပ်အတွင်းပဲ ဖြေရှင်းတာပဲ ကျနော်တို့ လိုလားပါတယ်။

မေး။ ။ ဒီစာအပေါ် ဗဟိုက ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ကျနော်ခုနက ပြောသလိုပဲ အဖွဲ့အတွင်းမှာဖြစ်တဲ့ ပြဿနာကို အဖွဲ့အတွင်းမှာပဲ ဖြေရှင်းတာကိုု ကျနော်တို့ ပိုလိုလားပါတယ်။ အထူးသဖြင့် ဖြစ်သမျှ သဘောထားမတူညီတာတွေကိုလည်း ညှိနှိုင်းခြင်းအားဖြင့် ဆောင်ရွက်တာကို ပိုပြီးဦးစားပေးပါတယ်။

မေး။ ။ ဒီထုတ်လိုက်တဲ့စာက ဒီမိုကရေစီအခွင့်အရေးကုုိ ပိတ်ပင်တယ်ဆိုပြီး ပြောကြတယ်။ ဒီအပေါ်မှာရော…။

ဖြေ။ ။ ဒါကတော့ လူပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ တစ်ခါတစ်ခါကျတော့ ဆန္ဒစောပြီးလုပ်လိုက်တာရှိနိုင်ပါတယ်။

မေး။ ။ မကွေးတိုင်းဘက်က ထုတ်တဲ့စာအပေါ် ဗဟိုဘက်က ပြန်ပြီးတော့ ရုပ်သိမ်းဖို့ ညွှန်ကြားဖို့ မရှိဘူးလား။

ဖြေ။ ။ ဟုတ်ကဲ့ မရှိပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com