All News Local News

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော၊ ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ ဗိုလ်ချုပ်ခင်လှိုင်နှင့် သူရစန်းလွင် တို့ ၄ ဦးနှင့် တပ်ရင်း ၂ ခုကို အမေရိကန်ပိတ်ဆို့ အရေးယူ

ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော

ရန်ကုန်၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအောင်ကျော်ဇော၊ ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ ဗိုလ်ချုပ်ခင်လှိုင်နဲ့နယ်ခြားစောင့်ရဲတပ်မှူးဟောင်း သူရစန်းလွင်တို့ ၄ ဦးကို ပစ်မှတ်ထားအရေးယူလိုက်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့တပ်မ ၉၉ နဲ့ တပ်မ ၃၃ တို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ ခြေမြန်တပ်ရင်းတွေအဖြစ် စာရင်းသွင်းအရေးယူထားပါတယ်။

အမေရိကန်က အရေးယူထားတဲ့ ၄ ဦးထဲမှာ ၂ ဦးကတော့ တာဝန်က အငြိမ်းစားယူသွားပြီဖြစ်ပြီး တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နဲ့အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး တို့က တော့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲပဲဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူမှုနဲ့ပတ်သက်လို့ လတ်တလော မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts