Editorial

တပ်မတော်သည် စစ်တန်းလျားပြန်၍ တိုင်းပြည်ကာကွယ်ရေးသာ လုပ်ဆောင်ရမည်

အယ်ဒီတာ့အာဘော်

တပ်မတော်သည် စစ်တန်းလျားပြန်၍ တိုင်းပြည်ကာကွယ်ရေးသာ လုပ်ဆောင်ရမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်မှ ဖယ်ရှားမည်၊ အခြေခံဥပဒေပြင်ဆင်မည် ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိတ်ရှည်မည်၊ ဇွဲရှိမည်ဟု စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ဒီမိုကရေစီအပြောင်းအလဲနှင့် ရှေ့ခရီး ဟောပြောမှုတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနှင့်တိုင်းပြည်ကို အထိနာစေမည့် တော်လှနေ်ရး လမ်းစဉ်ကို အားမပေးဘဲ ညှိနှိုင်းသော လမ်းစဉ်ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်လုပ်ဆောင် မည်ဟုဆိုသည်။ တစ်နည်းအားဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲမှ တစ်ဆင့် ဒီမိုကရေစီအပြောင်းအလဲကို ကူးပြောင်းလိုသည်ဟု ပြောဆိုခြင်းဖြစ်သည်။

သို့ရာတွင် တပ်မတော်၏ သဘောထားက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသည့် စာပွဲဝိုင်းဆွေးနွေးပွဲ လမ်းစဉ်မှာလည်း အထမြောက်ရန် မလွယ်ကူပေ။ သို့သော်လည်း နည်းလမ်းတစ်ခု ရှိနေပါသေးသည်။

အဆိုပါနည်းလမ်းမှာ တပ်မတော်ခေါင်းဆောင်ပိုင်းအနေဖြင့် မိမိ၏ အသိစိတ်ဓာတ်ဖြင့် စစ်တန်းလျားပြန်ရန်ဖြစ်ပြီး ယင်းသို့ နိုင်ငံရေးတွင် မပါဝင် မပတ်သက်ခြင်းဖြင့် တိုင်းပြည်ကာကွယ်ရေး တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်မည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော အစဦးပိုင်း တပ်မတော်ကဲ့သို့ တိုင်းရင်းသားပြည်သူလူထု၏ ချစ်ခင်နှစ်သက်မှုကို ပြန်လည်ရရှိနိုင်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအပြီး စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်သည် စစ်တန်းလျားပြန်မည်ဟု ပြောဆိုခဲ့သော်လည်း အကောင်အထည် မပေါ်လာခဲ့ပေ။ လက်ရှိ တပ်မတော်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကြောင့် စစ်တန်းလျား မပြန်နိုင်သေးပါဟုဆိုလ ျှင် စစ်တန်းလျားပြန်မည့် အချိန်ဇယားကို ထုတ်ဖော်ပြောဆိုလိုက်လ ျှင် ငြိမ်းချမ်းရေးခရီးသည် အမြန်ချောမွေ့သွားပေမည်။ ထိုသို့ နိုင်ငံရေးမှ စွန့်ခွာမည့် အချိန်ကို ထုတ်ဖော်ခြင်းဖြင့် ထွက်ပေါက်ပိတ်နေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ငြိမ်းချမ်းရေး အခက်အခဲအတွက် အဖြေဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် အခြေခံဥပဒေ အကျပ်အတည်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှစ၍ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအထိ ရှေ့ဆက်မတိုးနိုင်သည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေရန်နှင့် တိုင်းပြည် နွံ့အတွင်းမှ ကယ်ထုတ်နိုင်သောမဟာနည်းလမ်းကြီးမှာ စစ်တပ်သည် စစ်တန်းလျားပြန်၍ စစ်တပ်အလုပ်ဖြစ်သော တိုင်းပြည်ကာကွယ်ရေးလုပ်ဆောင်ရန် သာဖြစ်ပါသည်။

အယ်ဒီတာ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts