All News interview

“စီးပွားတွေ ပျက်စီးကြတဲ့အချိန်မှာ ဒါ လမ်းပေါ်မှာ လူတွေထွက်လာတာ”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်သက်သက်ခိုင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

တရုတ်နှင့်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် နိုင်ငံတကာငွေကြေးများ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လ ျှင် ထိုးကျနေပြီး မြန်မာကျပ်ငွေမှာ ပိုမို ထိုးကျဆင်းနေသည်။ ယင်းအခြေအနေကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများအားလုံးလည်း အခြေအနေ ယိမ်းယိုင်နေရာ ပြည်သူ့ လွှတ်တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်လည်းဖြစ် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သူ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ အခြေအနေမှာ ပြည်တွင်းငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုးထိုးကျနေတယ်။ ပြည်သူ့လွှတ်တော်ဘဏ်များနှင့်ငွေကြေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့ ဒီအခြေအနေကို ဘယ်လို အရေးယူဆောင်ရွက်ဖို့ရှိလဲ။

ဖြေ။ ။ တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်တယ်။ ရိုက်ခတ်မှုကတော့ တစ်ကမ္ဘာလုံးကိုရိုက်ခတ်တယ်။ ရိုက်ခတ်ခံရတာချင်း အတူတူ တိုင်းပြည်တစ်ချင်းစီက ကိုယ့်မှာ ခံနိုင်ရည် ဘယ်လောက်ရှိလဲပေါ့။ အဲဒါက အဓိက Issue ဖြစ်ပါတယ်။ ဥပမာထားပါတော့ Currency တွေ အကုန်လုံး ကျတာပဲ။ တရုတ်ငွေဆိုလည်း ကျတာပဲ။ ဒေါ်နယ်ထရမ့် Administration မှာ စီးပွားရေးတက်တယ်ပေါ့။ အမေရိကစီးပွားရေးတက်တယ်ပေါ့။ စီးပွားရေးတက်တဲ့အတွက်ကြောင့်မို့ အတိုးနှုန်းတွေ ဘာတွေမြှင့်လိုက်တော့ အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးတက်တယ်ပေါ့။ အမေရိကန်ဒေါ်လာ တန်ဖိုးတက်တာက အခြားCurrency တွေရဲ့ တန်ဖိုးကို ချလိုက်တာနဲ့ အတူတူပဲ။ တစ်ကမ္ဘာလုံးပေါ့။ သူက International Currency ဖြစ်တဲ့အခါကျတော့လေ။ အဲဒီကျတော့ လုပ်ချင်တာတော့ တရုတ်နဲ့ပဲ War ဖြစ်ပေမယ့်လည်း Currency လို့ပြောလို့ရှိရင် တစ်ကမ္ဘာလုံးရိုက်ခတ်တာပဲ။ ရိုက်ခတ်တဲ့အခါကျတော့ တိုင်းပြည်တစ်ခုချင်းစီရဲ့ ခံနိုင်ရည်ပေါ့။ တရုတ်ဆိုလို့ရှိရင် သူရဲ့ Foreign Reverse က ထရီလီယံနဲ့ချီပြီး ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က ဈေးကွက်ထဲကို လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ တွေကို ချပေးနိုင်တယ်။ လုပ်ငန်းစဉ်တစ်ခုအနေနဲ့။ Mechanism တစ်ခုတည်ထောင်ပြီး ချပေးနိုင်တယ်။ မြန်မာနိုင်ငံမှာက ဘယ်လောက်ချပေးနိုင်လဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်တယ်။ တစ်နေ့ တစ်နေ့ ဘယ်လောက်ချပေးနိုင်လဲဆိုတာရယ်။ ရေရှည် ဘယ်လောက်ချပေးနိုင်မှာလဲဆိုတာ စိုးရိမ်စရာတစ်ခုတော့ဖြစ်တယ်။ ဒါပေမယ့် ကျမတို့ကတော့ လွှတ်တော်ကော်မတီဖြစ်တဲ့အခါကျတော့ ကျမတို့က ဝန်ကြီးဌာနလို့ပြောရင် စီမံဘဏ္ဍာနဲ့ အလုပ်လုပ်ရတယ်။ ပြီးလို့ရှိရင် ဗဟိုဘဏ်နဲ့ အလုပ်လုပ်ရတယ်။ တစ်နေ့ကပဲ ဗဟိုဘဏ်နဲ့ေ တွ့ပါတယ်။ ဗဟိုဘဏ်ကို ကျမတို့ ကော်မတီတစ်ရပ်လုံးက သွားပြီးတွေ့တယ်။ တွေ့တဲ့အခါကျတော့ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ များ ရှင်းပြတာကလည်း အခု ကျမပြောတဲ့ သဘောပါပဲ။ ဆိုလိုရှိရင် External Shock ဖြစ်တယ်။ ဒါပေမယ့် ခံနိုင်ရည်ကတော့ မတူကြဘူးပေါ့။ တိုင်းပြည်တစ်ခုနဲ့ တစ်ခု ။ အဓိကက ဘာလဲဆိုလို့ရှိရင် ဒီကျမတို့ရဲ့ Trading Partner ပေါ့။ Trading Partners လို့ပြောရင် ကျမတို့မှာ Border Trade လို့ပြောရင် တရုတ်ရှိတယ်။ ထိုင်းရှိတယ်ပေါ့နော်။ တရုတ်က သိပ်ကို ချမ်းသာတယ်။ ထိုင်းလည်း အများကြီးချမ်းသာတာပဲ။ သူ့မှာ Foreign Reserve လည်း ကျမတို့ထက် အများကြီးရှိတဲ့အခါကျတော့ အဲလို ယှဉ်ပြေးကြတဲ့အချိန်မှာတစ်ချိန်မှာတော့ ကိုယ်က နောက်ကျ ကျန်ခဲ့မလားပေါ့နော်။ ရေရှည်မှာတော့ ဘယ်လောက် ဈေးကွက်ထဲ ချပေးတာ ဘယ်လောက်ကြာကြာ ချပေးနိုင်မှာလဲပေါ့။ အဲဒါ ကျမတို့ မေးခဲ့တဲ့ မေးခွန်းပါ။ အဲဒီကျတော့ ဗဟိုဘဏ်ကလည်း လုပ်နေတာ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ Swap ဆိုတဲ့ Mechanism ပေါ့။ Swap ဆိုတာ ဘာမှ မဟုတ်ဘူး။ ဥပမာထားပါတော့.. ဗဟိုဘဏ်ကနေ ဒေါ်လာတွေကို ထုတ်ချေးပေးမယ်။ သက်တမ်းအားဖြင့် တစ်လ ထားပါတော့။ ထုတ်ချေးပေးမယ်။ ထုတ်ချေးပေးတဲ့အခါမှာ အပေါင်အနေနဲ့ မြန်မာငွေ ဗဟိုဘဏ်က လက်ခံထားမယ်။ မြန်မာငွေကို ဗဟိုဘဏ်က လက်ခံထားမယ်။ လက်ခံထားပြီးပြီဆိုရင် တစ်လဆိုရင် အတိုးက နှစ်ဘက်က ပေးရမယ်။ ဗဟိုဘဏ်ကလည်း သူယူထားတဲ့ မြန်မာငွေအတွက်ကို အတိုးပေးမယ်။ ပုဂ္ဂလိက ဘဏ်တွေကလည်း သူတို့ယူထားတဲ့ ဒေါ်လာအတွက်ကို ဗဟိုဘဏ်ကို အတိုးပြန်ပေးပေါ့နော်။ ဒေါ်လာနဲ့ အတိုးပြန်ပေးပေါ့။ အဲလမျိုး Swap Mechanism လေးပေါ့။ အလွတ်သဘော ချပေးတာထက် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဟာလေးပါ။ ပြီးလို့ရှိရင် တစ်လပြည့်သွားရင် ထပ်လိုသေးလား။ ထပ်လိုရင် ဒါကို Renew ပြန်လုပ်။ ပြန်ဆပ်ပြီးတော့ ပြန်ထုတ်ပေါ့။ သဘောကတော့ အဲလိုမျိုးလေး သွားမယ်လို့ ပြောပါတယ်။ အဲလိုပြောတဲ့အခါကျတော့ ဗဟိုဘဏ်ဆိုတာက အမြတ်အစွန်းရဖို့ တည်ထောင်ထားတာမဟုတ်တဲ့တွက်ကို သူကတော့ အမြတ်ရလိုမှုက အဓိက မဟုတ်ဘူး။ အဓိကကတော့ တိုင်းပြည်အတွင်းမှာ ရှိတဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုအတွက်၊ အဓိက လတ်တလော Exchange Rate ပေါ့။ ငွေလဲလှယ်နှုန်းတည်ငြိမ်ဖို့ လုပ်တယ်လို့ပြောတာပေါ့။ ရှုံးရင်လည်း ရှုံးပါစေ၊ သူကိုင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ကလည်း ချပေးလိုက်ရှိရင် ဘဏ်တွေကနေတစ်ဆင့် ချပေးမှာ။ ပုဂ္ဂလိကဘဏ်တွေကနေ ချပေးမှာ။ လတ်တလော ချပေးမယ့် ပမာဏက ကျမတို့တိုင်းပြည်မှာ ဘာအခက်တစ်ခုရှိလဲဆိုတော့ ကျမတို့ တိုင်းပြည်မှာ Informal Sector အကြီးကြီး ရှိတယ်။ Informal Sector လို့ပြောလိုက်တာနဲ့ သူရဲ့ သတင်းအချက်အလက်တွေကို အစိုးရက မသိဘူး။ မသိတဲ့အခါကျတော့ ဘယ်လောက်လိုနေတာလဲ ချပေးတဲ့ Amount က လိုနေတဲ့ Amount ရဲ့ ဘယ်လောက်ရာခိုင်နှုန်းပဲရှိတာလဲ။ လုံလောက်မှု ရှိလား။ မလုံလောက်ရင်လည်း ဘယ်လောက်တောင် မလုံလောက်တာလဲ ဆိုတဲ့ အတိအကျ ကိန်းဂဏန်း ကျမတို့မှာ မရှိဘူး။ အစိုးရမှာမရှိဘူး။ အဲဒါက ကျမတို့ အခက်အခဲတစ်ခု။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက် ချပေးတယ်။ ချပေးတာကလည်း ကျမထင်တာ Foreign Reserve ကျမတို့ တိုင်းပြည်မှာရှိတယ်။ အဲဒီ Foreign Reserve Amount ကို ကြည့်ပြီးတော့မှ IMF Expert တို့နဲ့ တိုင်ပင်ပြီးတော့မှ တစ်နေ့ကို ဘယ်လောက်ချပေးမယ်ဆိုတာမျိုး၊ Market ထဲကို ဘယ်လောက် ထည့်မယ်ဆိုတာမျိုး၊ ထည့်တဲ့အခါကျတော့ ပုဂ္ဂလိကဘဏ်တွေက တစ်ဆင့် ထည့်တာ။ ဥပမာ ထားပါတော့ ဈေးကွက်ထဲမှာ လိုအပ်တာအများကြီးပဲ ထည့်ပေးတာနည်းနေတယ်။ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေလို့ရှိရင် အဲဒါက Market ထဲ တကယ်မရောက်ဘဲနဲ့ ပုဂ္ဂလိက ဘဏ်တွေ လက်ထဲမှာ သောင်တင်နေမှာ။ ဒါမျိုးလည်း ဘယ်လိုထိန်းကွပ်မလဲဆိုတာလည်း တော်တော်လေးကို စိန်ခေါ်မှု များတယ်။ ဒါပေမယ့်လို့ ပုဂ္ဂလိကဘဏ်တွေက ရောင်းနေ ဝယ်နေတာတွေရဲ့ စာရင်းတွေကိုတော့ ဗဟိုဘဏ်က ယူကြည့်ပိုင်ခွင့်ရှိတယ်။ ဆိုတော့ အပေါ်ယံ ကိုယ့်အချင်းချင်း ဒီအိတ်ကနေ ဟိုအိတ်၊ ဟိုအိတ်ကနေ ဒီအိတ်ပေါ့နော် ဒါမျိုးလုပ်တဲ့ ဟာတွေလည်းဖြစ်နိုင်တယ်။ အရင်တုန်းက ၂၀၁၂ နောက်ပိုင်းထင်တယ်။ Exchange Rate Unification ဆိုတာလေ။ ငွေလဲလှယ်နှုန်းကို အရင်တုန်းက Official နဲ့ Market Rate ဆိုပြီး ၂ ခုရှိနေတာ Official က ၆ ကျပ်ဖြစ်ပြီး လုံးဝကို လက်တွေ့မကျဘူး။ ဘယ်သူမှလည်း ထုတ်မရောင်းနိုင်ဘူး။ အဲဒါကို IMF ရဲ့ အကူအညီနဲ့ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက Market Rate ကို လုပ်ခဲ့တယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်။ ဒီနေ့ဆိုလို့ရှိရင် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ရည်ညွှန်း Rate တွေဆိုတာ Market ထဲမှာ အရောင်းအဝယ်ဖြစ်နေတဲ့ Rate ကိုပဲပြောတာပဲလေ။ ဆိုတဲ့အခါကျတော့ ဈေးကွက်က ဆုံးဖြတ်တဲ့ Rate ကို ဖြစ်သွားပြီ။ အဲဒါတောင်မှ အဲဒီ Mechanism ကြီး စတတည်ထောင်တုန်းက ပုဂ္ဂလိကဘဏ်တွေက Excahnge Counter ရှိတယ်၊ ပြီးလို့ရှိရင် အပြင်မှာ Money Changer ဆိုပြီးလိုင်စင်ယူထားတဲ့သူတွေရှိတယ်။ အခုထက်ထိ ရန်ကုန်မြို့ပေါ်လို နေရာမျိုးမှာတောင် နိုင်ငံခြားသားလာလို့ရှိရင် များသောအားဖြင့် ရန်ကုန် Airport ကနေ လာကြတာလေ။ အဲဒီလိုမျိုးတောင်မှ Money Changer များများစားစား မတွေ့ရဘူး။ ပြီးလို့ရှိရင် ဘဏ်တွေမှာ သွားကြည့်လို့ရှိရင် Exchage Counter ဆိုတာ ရှားတယ်။ ဆိုတော့ နိုင်ငံတကာနဲ့ ယှဉ်ရင် ထိုင်းတို့ စင်ကာပူတို့ယှဉ်ရင် မတရားနည်းတယ်။ နည်းတဲ့အခါကျတော့ ဘဏ်ကို ဒေါ်လာ သွားရောင်းတယ်ဆိုရင် ငါးရာ၊ တစ်ထောင်၊ကိုယ်ခရီးထွက်ပြီးပြန်လာလို့ ပိုနေတယ် ဒီပိုက်ဆံအသုံးမလိုလို့ သွားရောင်းတယ်ဆိုရင် ဝယ်တယ်။ ဒါပေမယ့် ခဏနေလို့ ၅ မိနစ် လောက်ကြာလို့ ပြန်လှည့်လာပြီး ငါးရာရောင်းထားတယ်၊ ဒါပေမယ့် ၁၀၀ လောက်ပြန်ဝယ်ချင်တယ်။ အခြားဟာ သုံးစရာရှိလို့ပြန်ဝယ်ရင်တောင်မှ ရောင်းစရာမရှိတော့ဘူးလို့ ပြောတာမျိုး။ ဒါမျိုးတွေလည်းှရှိတယ်ဆိုတော့။ ဘယ်လောက်ထိရောက်မလဲဆိုတာ နည်းနည်းစောင့်ကြည့်ရမှာပေါ့။ နံပါတ် ၁ ။ နံပါတ် ၂ ကျတော့ ခုနက Swap Mechanism ကို ဘယ်က အမေရိကန်ဒေါ်လာတွေနဲ့ လုပ်မှာလဲပေါ့။ ဒါ နိုင်ငံခြားဘဏ်တွေနဲ့လည်း ဗဟိုဘဏ်တွေဆိုတာ အဆက်အသွယ်ရှိတဲ့အခါကျတော့ ဘယ်ကဘဏ်တွေနဲ့လုပ်မှာလဲ။ ပြီးလို့ရှိရင် ပြည်တွင်းဘယ်လိုမျိုးဘဏ်ကနေလုပ်မှာလဲ။ Swap Mechanism ကြီးကတော့ ကမ္ဘာမှာရှိနေတယ်။ ဒါကို အကောင်အထည်ဖော်တာကို ကျမတို့ စောင့်ကြည့်ရမယ်။ ဘယ်လောက်ကြာကြာ လုပ်နိုင်မှလဲ။ ပြီးလို့ရှိရင် ဘယ်လောက်များများ ချပေးနိုင်မှာလဲ။ ဈေးကွက်က တကယ်လိုသလောက်လိုပ ချပေးနိုင်ပါ့မလား။ မေးခွန်းတွေက အများကြီးရှိတာပေါ့။ အဓိက Swap ဒီတစ်လလို့ပြောလို့ရှိရင် တစ်လ အပြီးမှာ အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းယူတယ်ဆိုရင် ဒုတိယတစ်လဆိုရင် သူက ၂ ရာခိုင်နှုန်းယူမယ်၊ တတိယတစ်လဆိုရင် ၂ ဒသမ ၅ ရာခိုင်နှုန်းယူမယ်ဆိုတော့ တစ်ချိန်ကျလို့ရှိရင်အတိုးတွေမြင့်မြင့်လာတော့ ဘဏ်တွေက မကိုက်လို့မယူတော့ဘူးဆိုတဲ့ အချိန်လည်း ဖြစ်သွားနိုင်တယ်။ အဲဒီကျလို့ရှိရင် ဈေးကွက်လိုအပ်တာမရဘူးပေါ့။ နောက်တစ်ခုက အခုအချိန်မှာ ဒေါ်လာဈေးတက်ရိပ်တွေက ရှိနေတယ်။ ကျမဘာကိုကြောက်လဲဆိုရင် Speculation Market ပေါ့။ ရိုးရိုးသာမန်ပြည်သူကလည်း ကိုယ်ရှိတဲ့ငွေကို မကိုင်ထားဘဲနဲ့ ဒေါ်လာရှာဝယ်ထားတယ်ဆိုရင် လူတွေက အဝယ်လိုက်တယ်၊ မြတ်တယ်၊ မြတ်လို့ထပ်ဝယ်တယ်၊ ထပ်ဝယ်လို့ လိုအပ်ချက်တွေရှိတယ်ဆိုလို့ရှိရင် အဲဒီ Spculation Market ကြီး တအားကြီးပဲ တကယ်လိုအပ်တာမဟုတ်ဘဲနဲ့ မြတ်မယ်ထင်လို့ ဝယ်တဲ့ Market ကြီးဖြစ်လာပြီးတော့ လိုအပ်တာထက် တကမ္ဘာလုံးမှာ သက်ဆိုင်ရာ Currency တွေ ကျနေတယ်။ တိုင်းပြည်တိုင်းမှာလည်း ဒါမျိုးက ဖြစ်နိုင်တာပဲ။ ဒါပေမယ့် မြန်မာကျပ်ငွေ ပိုကျလာမှာကို စိုးရိမ်တယ်။ Exchange Rate နဲ့ပတ်သက်ရင် ဘဏ်ကော်မတီလို့ ပြောပေမယ့် ကော်မတီဆိုတာ စကားလောက်ပဲ ပြောလို့ရတာပေါ့။ ကျမတို့ ဝင်ပြီးလည်းဘာမှ လုပ်လို့မရတော့ အဲလိုအခြေအနေလေးလည်းရှိပါတယ်။

မေး။ ။ ပြည်သူ့လွှတ်တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နေအကြံပြုတာရှိလား။ ကိုယ့်ဆီက ပိုက်ဆံတွေ ဒေါ်လာတွေ ထုတ်ရောင်းခြင်းက ရေတိုပဲဖြစ်နိုင်မယ်ဆိုတော့ ရေရှည် အစိုးရအနေနဲ့ ဒီကိစ္စကို ဗဟိုဘဏ်အဆင့်မဟုတ်ဘဲ နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက စိတ်ဝင်စားဖို့ ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ မှန်တယ်။ အဲဒါ ကျမပြောတယ်။ ကျမအဓိက ပြောတာ။ အမေရိကန်- တရုတ်ကုန်သွယ်ရေး စစ်ပွဲဖြစ်တယ်။ ဒါသည် External Shock ဖြစ်တယ်။ တစ်ကမ္ဘာလုံးခံရတာချင်းအတူတူ ကျမတို့ ခံနိုင်ရည်က သိပ်နည်းနေတယ်။ သိပ်နည်းနေတော့ အဓိက ရေရှည် မဟာဗျူဟာမြောက်ေ ဖြရှင်းမှာက Trade Deficit ပေါ့။ ပုဂ္ဂလိက ကဏ္ဍက ဒေါ်လာရှာတဲ့သူနဲ့ သုံးတဲ့သူဆိုရင် သုံးသူက ပိုများတယ်။ အဓိက Import ကပိုများတယ်။ Trade Deficit ဖြစ်နေတယ်။ အဲဒါကို ရေရှည် ဘယ်လိုဖြေရှင်းမလဲ မေးတဲ့အခါကျတော့ ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ သုံးပွင့်ဆိုင်တော့ အစည်းအဝေးလုပ်နေတယ်။ အဓိကကတော့ ဗဟိုဘဏ်ရယ်၊ စီမံ/ဘဏ္ဍာဝန်ကြီးရယ်၊ စီးပွား/ကူးသန်းဝန်ကြီးရယ်လို့တော့ပြောပါတယ်။ ဒါပေမယ့် ကျမ ၃ ပွင့်ဆိုင် နဲ့မလုံလောက်ဘဲနဲ့ စီးပွားရေး အရ သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဒါသည် တိုင်းပြည်အတွက် အရေးကြီးတဲ့ အခြေအနေဖြစ်တာမို့ အရေးတကြီးနဲ့ Address လုပ်ပြီးတော့ ရေရှည်မ ဟာဗျူဟာပေါ့။ ရေတိုမှာတော့ ရှိတာလေး ထုတ်ရောင်းပေးတယ်။ ပြီးလို့ရှိရင် Swap တွေလုပ်မယ်။ ဒါလည်း နည်းနည်းရေတိုပေါ့။ ကာလလတ်ပေါ့။ ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် ရေရှည်မှာ အဓိက ဖြေရှင်းရမယ့် ပြဿနာကတော့ တိုင်းပြည်ရဲ့ ထုတ်လုပ်စွမ်းအားတက်ရမယ်။ ကျမတို့ ထုတ်တဲ့ ပစ္စည်းတွေကို နိုင်ငံ တကာ ဈေးကွက်မှာ ချရောင်းပြီးတော့ နိုင်ငံခြားငွေရှာဖွေနိုင်တဲ့ ပုဂ္ဂလိကတွေ ဖြစ်ဖို့လိုတယ်ဆိုတာ ဒါက အစိုးရအဆက်ဆက်ပြောခဲ့တာပဲ။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူမှ မဟာဗျူဟာမြောက် လုပ်တာမရှိဘူး။ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း မဆွဲဆောင်နိုင်ဘူး။ မဆွဲဆောင်နိုင်ရခြင်းအကြောင်းအရင်းက ပုဂ္ဂလိက ကဏ္ဍဆိုတာ ယုံကြည်မှု ရှိမှ လာမှာလေ။ ပြည်တွင်းလုပ်ငန်းတွေကိုတောင်မှ ငါစစ်ဆေးမှာမို့ မင်းတို့ရပ်ကြဆိုတဲ့ဟာမျိုး။ အဲဒီလို အစိုးရမျိုးဆိုတော့ နိုင်ငံခြားသားက သူ့ဟာ ဥပဒေပဲ ဘယ်လောက်ကောင်းကောင်း၊ လုပ်ထုံးလုပ်နည်းတွေပဲ ဘယ်လောက်ကောင်းပါတယ်ပဲပြောပြော မူဝါဒချမှတ်သူရဲ့ စီးပွားရေးနားမလည်တဲ့ Mindset ကို ကြောက်ကြတာပေါ့။ အဓိကက ယုံကြည်မှု မတည်ထောင်နိုင်ဘူး။

မေး။ ။ ငွေလဲနှုန်းမှာ ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေ တန်ဖိုးကျတော့ ဈေးတွေတက်လာတယ်။ သွင်းကုန်တွေ။ အခု စက်သုံးဆီက တစ်လီတာကို ၁၀၀၀ ကျပ်နီးပါးဖြစ်လာတယ်။ အခြားဘက်မှာဆိုရင် သွင်းကုန်တွေ တော်တော်များများ တက်လာကြတယ်။ အဲဒီတော့ အဲဒီအခြေအနေတွေကို ထိပ်ပိုင်းခေါင်းဆောင်သိရဲ့လား။ လွှတ်တော်ဘက်ကရော ဒါကို စောင့်ကြည့်တာမျိုး မရှိဘူးလား။

ဖြေ။ ။ ကျမတို့ကတော့ ခုနကပြောသလို ငွေလဲနှုန်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကို တည့်တည့်ပြောတယ်။ ပြီးလို့ရှိရင် စီးပွားရေးနဲ့ပတ်သက်လို့ စီမံ/ဘဏ္ဍာနဲ့ပြောတယ်။ ဆိုလို့ရှိရင် အဓိက တိုင်းပြည်ရဲ့ဘတ်ဂျက်တို့ ဘာတို့ပြောတာပေါ့။ တကယ်တမ်းကျတော့ External Shock ကို ခံနိုင်ရည် မရှိတာကတော့ ဒီနေ့မှ ဖြစ်တာမဟုတ်ဘူး ။ ရေရှည် နာတာရှည်ရောဂါလို့ ဖြစ်နေတာ။ ဒါကို ကုစားဖို့ လုပ်ဖို့တွေပေါ့။ ဆိုလို့ရှိရင် အဓိက လွှတ်တော်တစ်ခုလုံးအနေနဲ့လည်း စီးပွားရေး အမြင်ရှိဖို့လိုတယ်။ သာတူညီမ ျှ ဖြစ်ရမယ်ဆိုတဲ့ ချည်းကပ်မှုနဲ့သွားနေတယ်။ အဲဒါက အရေးမကြီးတာမဟုတ်ဘူး။ အရေးကြီးတယ်။ ဒါပေမယ့်စီးပွားရေးကဏ္ဍကြီးပေါ့။ အဲဒါ ဗဟိုဘဏ်ကို ပြောတဲ့အထဲမှာလည်း အဲဒါပါတယ်။ ပြည်သူလူထုက တစ်ဦးချင်းစီရဲ့ရှာဖွေနိုင်စွမ်းက အကန့်အသတ်နဲ့ ရှိတယ်။ ဒါပေမယ့် ငွေလဲနှုန်းဒီလိုဖြစ်တဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေတက်မယ်။ ဥပမာ- ကန်စွန်းရွက်ရောင်းတဲ့သူကလည်း သူဝယ်သုံးရတဲ့ သွင်းကုန်ပစ္စည်းတွေ ဈေးတက်လာတော့ သူ့ကန်စွန်းရွက်ကို ဈေးတက်ရမှာပဲ။ ဒါက ပြည်တွင်းမှာပဲ ထုတ်လုပ်ရောင်းဝယ်သုံးစွဲနေတာပဲ။ သို့သော် ဒါတွေအကုန်လုံး အကုန်တက်မယ်ဆိုတော့ ကျမ Domino Effect ကို ကြောက်တယ်။ ဆင့်ပွားရိုက်ခတ်မှုတွေ ဖြစ်မှာကို ကြောက်တယ်ဆိုတော့ လုပ်နေပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဒီအချိန်မှာ နှစ်မျိုးတော့ရှိတယ်။ အလုပ်လုပ်ဖို့ကတော့ အဓိကပေါ့။ လုပ်ပြီးတဲ့အခါကျရင် လုံးဝမပြောရင်လည်း တစ်မျိုးဖြစ်တယ်။ အလုပ်ကို အဆင်သင့်မဖြစ်ခင်မှာ ထွက်ပြောရင်လည်း ပြည်သူလူထုကို ပိုပြီးတော့ စိတ်ပူစေတာပေါ့နော်။ ပြည်သူလူထု ယုံကြည်မှု ပိုကျပြီးတော့မှ ဒီလိုမျိုးဖြစ်သွားမှာလည်း စိုးရိမ်တော့ အစိုးရဆိုတဲ့ အနေအထားကတော့ တော်တော် အနေကျပ်တယ်။ ပြောချင်တိုင်းလည်းထွက်ပြောလို့မရဘူး။ ပြောချင်လို့ ထွက်ပြောရင်လည်း ပြည်သူလူထုက အစိုးရတစ်ခွန်းပြောလိုက်ရှိလို့ရင် ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုက လိုအပ်တာထက် ပိုကြီးသွားလို့ရှိရင် ဒါမျိုးလေးတွေ ချိန်ဆနေရတာရှိတဲ့အခါကျတော့ လုပ်တာတော့ လုပ်မယ်။ ကျမတို့ ဒီငွေလဲနှုန်းတက်လာတာနဲ့ပတ်သက်လို့ လွှတ်တော်မှာ မေးခွန်းမေးရတာက တန်းစီရတဲ့အခါကျတော့ ဒီမေးခွန်းတွေ တက်နေပေမယ့်လည်း ချက်ချင်းတော့လည်း ပြောလို့မရသေးဘူး။ အဆိုတင်တာကလည်း တန်းစီရတာကိုးရှင့်။ အဲလိုသဘောတော့ရှိတယ်။

မေး။ ။ NLD အစိုးရကို အခု ၃ နှစ်နီးပါးရှိလာတဲ့အချိန်မှာ စီးပွားရေးမလုပ်တတ်တဲ့ အစိုးရ၊ နားမလည်တဲ့ အစိုးရ၊ ထိပ်ပိုင်းခေါင်းဆောင်ကစပြီးတော့ စီးပွားရေးပေါ်လစီချတာ ဘာမှန်းမသိတဲ့ ပေါ်လစီဆိုပြီး ပြင်ပကနေ ဝေဖန်တာတွေရှိနေတယ်။ ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းက လည်းပြောနေတယ်။ ဘာမှားနေလဲ NLD အစိုးရက။

ဖြေ။ ။ အစိုးရဘာမှားလဲနေလဲဆိုတော့ ကျမထင်တာက နံပါတ် ၁ အတွေ့အကြုံနည်းတယ်။ ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဘက် သွားတယ်။ ကျမငြိမ်းချမ်းရေး အရေးမကြီးဘူးလို့ မပြောဘူး။ ငြိမ်းချမ်းရေး လုပ်ကို လုပ်ရမယ်။ ဒါပေမယ့်အချိန်စောင့်နိုင်တာချင်း မတူဘူး။ Urgent & Important ကျမ ခွဲခြားပြီးမှပြောချင်တယ်။ ဆိုလို့ရှိရင် ငြိမ်းချမ်းရေးလို့ ပြောရင် Important ဖြစ်တယ်။ Urgent မဖြစ်ဘူး။ နှစ် ၇၀ ရှိပြီး တိုက်လာကြတာ။ ဒီနေ့ ဖြေရှင်းမှ ရမယ့် ကိစ္စမဟုတ်ဘူး။ ဆိုလို့ရှိရင် ရေရှည် ဖြေရှင်းသွားရမှာပဲ။ အခုဆိုလို့ရှိရင် ကြည့်ပေါ့နော်။ ဒီ NCA ကို ပထမ ဦးသိန်းစိန်လက်ထက်က စလုပ်တယ်။ ကျမတို့ အစိုးရလက်ထက်မှာ ဆက်လုပ်တယ်။ ဒီလိုပဲ ရေရှည်သွားရမှာပေါ့။ ပြီးလို့ရှိရင် လွှတ်တော်ပြင်ပ Political Forum နိုင်ငံရေး စကားဝိုင်းတွေလုပ်ပြီးတော့မှ အဲဒီကရလာတဲ့သဘောတူညီချက်တွေက ပြည်ထောင်စု သဘောတူညီချက်စာချုပ်ရဲ့ အစိတ်အပိုင်းဖြစ်မယ်။ ဒါတွေက တဖြည်းဖြည်းသွားရမှာ။ ဒါတွေက နောက်ပိုင်း ဒီသဘောတူစာချုပ်ပြီးပြည့်စုံတဲ့တစ်နေ့ လူတိုင်းလည်း သဘောတူတဲ့တစ်နေ့ကျလို့ရှိရင် ဒီဟာတွေကို အခြေခံပြီး Constitution အသစ်ရေးရမှာ။ ဒါက Long Term Process ဖြစ်တယ်။ အရေးကြီးတယ်။ ဒါပေမယ့် ဖြည်းဖြည်းနဲ့မှန်မှန်ပဲ သွားရမယ်ဆိုတဲ့သဘော။ ဆိုလို့ရှိရင် စီးပွားရေးလို့ ပြောလို့ရှိရင်တော့ တိုင်းပြည်စီးပွားရေးဆိုရင် အရေးလည်းကြီးတယ်။ Urgent လည်းဖြစ်တယ်။ ဒီနေ့ မနက် ဗိုက်ဆာတာသည် ဒီနေ့ မနက် ဖြေရှင်းမှ ရမှာ။ နေ့လယ်စာ ဗိုက်ဆာလာရင် နေ့လယ်မှာ ဖြေရှင်းမှရမှာ။ ညမှာ ဗိုက်ဆာလာရင် ညဖြေရှင်းမှ ရမှာ။ သူက Urgent လည်းဖြစ်တယ်။ Important လည်းဖြစ်တယ်။ အဲဒါလေးကို တိုင်းပြည်ခေါင်းဆောင်တွေ သိဖို့ လိုတယ်လို့ ကျမထင်တယ်။နောက်တစ်ခုကတော့ ၈၈ အရေးအခင်းဆိုလည်း နှစ် ၃၀ တောင်ပြည့်ခဲ့ပြီ။ ၈၈ တုန်းက လူတွေ ဘာကြောင့် လမ်းပေါ်ထွက်တာလဲဆိုရင် စီးပွားရေးခေါင်းစဉ်နဲ့ပဲ လမ်းပေါ် ထွက်တာ။ လူ့အခွင့်အရေးမရလို့ စိတ်ဆိုးပြီး လမ်းပေါ်ထွက်တဲ့သူက နည်းတယ်။ မရှိပါဘူး။ အဲဒီတုန်းက။ လူ့အခွင့်အရေးမရလို့ လမ်းပေါ်ထွက်တဲ့သူဆိုတာ မရှိဘူး။ အဓိကက ဆိုရှယ်လစ်စီးပွားရေး စနစ်ကြီး ကျဆုံးပြီးတော့မှ ပိုက်ဆံတွေ သိမ်းတယ်။ လမ်းဘေးမှာ တောင်းစားရတဲ့သူတွေ စုထားတဲ့ပိုက်ဆံတောင်မှ မကျန်ဘူး။ သီလရှင်တွေ ဆရာလေးတွေ အလှူခံထားတဲ့ပိုက်ဆံက အစ မကျန်ဘူး။ အကုန်လုံးရဲ့ ကံဉာဏ်ဝီရိယနဲ့ သူ့အတိုင်းအတာနဲ့ သူ ရှာထားတာတွေ စီးပွားတွေ ပျက်စီးကြတဲ့အချိန်မှာ ဒါ လမ်းပေါ်မှာ လူတွေထွက်လာတာ။ အဲဒါကိုတော့ ကျမတို့ အစိုးရသိစေချင်တယ်။ ဒါ ကျမရဲ့ အရင်းခံစေတနာ။ သိစေချင်တယ်။ အရေးမကြီးဘူးမဟုတ်ဘူး။ အရေးကြီးတာရော Urgent ဖြစ်တာရော အခုချက်ချင်းဖြေရှင်းဖို့ လိုတာရော ဒါတွေလည်း ချက်ချင်း လုပ်ဖို့ လိုတယ်လို့ ကျမယူဆပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com