All News Local News

စစ်ကိုင်းတွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှု တရုတ် ၁ဦးနှင့် မြန်မာ ၄ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယမန်နေ့ညက သစ်ချောက်ကျေးရွာ မှ ဝါးရဲလမ်းအတိုင်း အတွင်း ၁၀မိုင်ခန့် ထွန်းသွင်ကုမ္ပဏီ၏ လုပ်ကွက် ၊ လက်ခွဲလုပ်ကိုင်နေသည့် ရွှေပေါက်ပေါက် ကုမ္ပဏီ tunnel ပြိုကျပြီး တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာ ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံးသွားကြောင်းသိရှိရသည်။

ယမန်နေ့ည ၁၁နာရီ၁၅မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးဥမင်လှိုင်ခေါင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အောက်ဆီဂျင်ပိုက်ပြတ်တောက်ပြီး အထဲတွင်ပိတ်မိနေသည့် လူ ၅ဦးအား ယနေ့ နေ့လည် ၂နာရီခန့်တွင် သေဆုံးလျက်ရှိတွေ့ရှိရကြောင်း၊ အလုပ်သမား၄ ယောက်မှာ အသက်ရှုကြပ်ပြီး ကလေးဝဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ကျောက်မီးသွေးတွင်းမှာ အနက်ပေ(၆၀၀)ရှိပြီး အတွင်းကန့်လန့်ဖြတ်လမ်းကြောင်းပေ ၂၀၀ တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts