All News Business

ကန်တစ်ဒေါ်လာ ၁၅၃၅ ကျပ်အထိ ပြန်ဆင်း၊ စက်သုံးဆီစျေးတက်ပြီ

ရန်ကုန်၊ သြဂုတ် ၁၆

ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၅၃၅ ကျပ် အထိပြန်ဆင်းလာပြီး စက်သုံးဆီစျေးနှုန်းကတော့ ဒီကနေ့မှာ သိသိသာသာ မြင့်တက်သွားပါတယ်။

အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်းထားမှာ နံနက်ပုုိင်း စျေးကွက်ဖွင့်ချိန် အမေရိကန်တစ်ဒေါ်လာ ၁၅၆၀ ကျပ် အထိစျေးတက်ခဲ့ပေမယ့် ညနေပိုင်းမှာတော့ တစ်ဒေါ်လာ ၁၅၃၅ အထိ ပြန်လည် ကျဆင်းလာပါတယ်။

လတ်တလောမှာတော့ ဒေါ်လာ ဝယ်ယူမှုတွေရှိနေသေးပေမယ့်လည်း မြန်မာနိုင်ငံတော်ဗဟုုိဘဏ်ဘက်က ဒေါ်လာတွေ ထုတ်ရောင်းနေတယ်ဆိုတဲ့ သတင်းတွေ ကြောင့် ဒေါ်လာစျေး အနည်းငယ်ပြန်လည်ကျဆင်းလာသလို ကမ္ဘာ့စျေးကွက်မှာလည်း ဒေါ်လာအညွန်းကိန်းပြန်လည်ကျဆင်းလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေါ်လာဝယ်ရောင်းလက်ကြီးသမားတစ်ဦးက ပြောပါတယ်။

သုံးစွဲမှု အများဆုံး သွင်းကုန်ဖြစ်တဲ့ စက်သုံးဆီစျေးနှုန်းတွေဟာလည်း ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့မှာ စျေးနှုန်းတွေ အသီးသီးမြင့်တက်သွားပါတယ်။
စက်သုံးဆီစျေးနှုန်းတွေဟာ ယမန်နေ့ကထက် ဆီတစ်လီတာကို အနည်းဆုံး ၁၀ ကျပ်ကနေ အများဆုံး ၁၀၀ ကျပ်အကြား နေရာဒေသကိုလိုက်ပြီး အပြောင်းအလဲ ဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တရားဝင် သတ်မှတ်ထားတဲ့ စက်သုံးဆီစျေးနှုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့စက်သုံးဆီစျေးနှုန်းများ(ရန်ကုန်)

(ဒီဇယ်)
လက်လီ = (minimum) 935/(maximum) 960
လက်ကား= (minimum) 925/(maximum)945
(Premium ဒီဇယ်)
လက်လီ = (minimum) 945/(maximum) 970
လက်ကား= (minimum) 935/(maximum)955
(RON 92)
လက်လီ = (minimum) 900/ (maximum) 930
လက်ကား = (minimum)900/(maximum) 905
(RON 95)
လက်လီ = (minimum) 945/ (maximum) 970
လက်ကား= (minimum) 925/ (maximum) 935

Source – MPT

ဓာတ်ပုံ- ပိတောက်ချောင်း မက်စ်စက်သုံးဆီအရောင်းဆိုင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts