All News Business

အမေရိကန်ဒေါ်လာ လိုက်လံဝယ်ယူမှုများပြား၊ တစ်ဒေါ်လာ ၁၄၂၄ ကျပ် ရောက်ရှိပြီ

ရန်ကုန်၊ ဇူလိုင် ၁၈

ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှုများပြားပြီး ဝယ်လိုအား အထူးများလျက်ကာ အမေရိကန်တစ်ဒေါ်လာ မြန်မာငွေကျပ် ၁၄၂၄ ကျပ်သို့ ရောက်ရှိနေကြောင်း ရန်ကုန် အခြေစိုက်ငွေလဲလှယ်ရေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

” ကျနော်တို့ ရောင်းဈေးက ၁၄၂၄ ကျပ်ပါ။ ကျနော်တို့ ပြန်ဝယ်တာက တစ်ဒေါ်လာကို ၁၄၂၁ ကျပ်ပါ။ ဝယ်အား တအားများတယ်” ဟု ရန်ကုန်အခြေစိုက် ဒေါ်လာဝယ်ရောင်းလက်ကြီးသမားတစ်ဦးက ပြောသည်။

လတ်တလော အခြေအနေများအရ ဒေါ်လာဈေးမှာ အမြင့်ဆုံးသို့ ဦးတည်လျက်ရှိနေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလ ျှင် ငွေကျပ် ၁၄၁၅ ကျပ်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts