All News Local News political news

ရိုက်တာသတင်းထောက် ၂ ဦးအမှု စွဲချက်တင်၊ မတင် ယနေ့ အမိန့်ချမည်

ရန်ကုန်၊ ဇူလိုင် ၉

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားမှုကို စွဲချက်တင်၊ မတင် ယနေ့ တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ထိန်းသိမ်းထားသော ရိုက်တာသတင်းထောက် ၂ ဦး၏ အမှု သည် ထောင်ချောက်ဆင် ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းထောက် ၂ ဦးနှင့်မိသားစုဝင်များက တစ်လျှောက်လုံးပြောဆိုခဲ့ပြီး တရားလိုသက်သေ တစ်ဦးဖြစ်သူ ဒုရဲမှူးမိုးရန်နိုင်က အထက်ပါအတိုင်းပြောဆိုခဲ့သည်။

ရဲမှူးချုပ်တင်ကိုကို၏ ခိုင်းစေချက်အရ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ယင်းထွက်ဆိုချက်ကြောင့် ရာထူးပြုတ်ပြီး ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးမှုနှငင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချကြပြီး ပြည်တွင်းတွင်လည်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်၍ မြို့ကြီး ၉  မြို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ရိုက်တာ သတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ရိုက်တာသတင်းထောက် ၂ ဦးကို ဆက်လက် ဖမ်းဆီးထားပါက အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ အကြား ဆက်ဆံရေး အလားအလာ လုံး၀ ကောင်းရန် မရှိကြောင်း သဘောထားကြေညာချက် တစ်ရပ် ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.