ရိုက်တာသတင်းထောက် ၂ ဦးအမှု စွဲချက်တင်၊ မတင် ဇူလိုင်လ ၉ ရက်နေ့ ဆုံးဖြတ်မည်

ရန်ကုန်၊ ဇူလိုင် ၂
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားရုံးတင် စစ်ဆေးခံနေရသော ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အမှုကို စွဲချက်တင်သင့် မတင်သင့် လာမည့် ဇူလိုင် ၉ ရက်နေ့တွင် တရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ရိုက်တာသတင်းထောက် ကိုဝလုံးက “စစ်ဆေးလာတဲ့တစ်လျှောက်လုံးမှာ ကျွန်တော်တို့ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို တရားလိုဘက်က ဘာတစ်ခုမှ တင်ပြနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ယုံကြည်တာက ဒီအမှုနဲ့ပတ်သက်လို့ မကြာခင်မှာ တရားမျှတမှု ရှိအောင် ဆောင်ရွက်နိုင်မယ်လို့ မြင်တယ်။ ဒါက လက်ရှိ တရားစီရင်ရေးကိုလည်း အပြည့်အဝယုံကြည်ထားပါတယ်” ဟု တရားခွင်အပြီး ထွက်ဆိုသွားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ