interview

“ထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဘူးလို့ ကျနော်ကပြောတယ်။ အဲဒီလိုပြောတော့ လူမှုကွန်ရက်မှာ ကျနော့်ကို ဝိုင်းဆဲတာပေါ့။ ဒီလောက်ကောင်းရင် မင်းသွားနေပါလားဆိုပြီး ကျနော့်ကို ဆဲကြတာပေါ့”

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၂

မေး။      ။ အကျဉ်းထောင်တွေအားလုံးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် လိုက်စစ်တယ်ဆိုတော့ ဘာတွေ တွေ့ရလဲ။ စစ်အာဏာရှင်စနစ်တစ်လေ ျှာက်လုံးမှာတော့ ဒီနိုင်ငံတွေက အကျဉ်းထောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိတယ်ဆိုတဲ့ နာမည်ဆိုးရှိတယ်။ နှိပ်စက်ညှဉ်းပန်းတယ် ဆိုတဲ့ သတင်းတွေကလည်း အခု ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရေးတဲ့ စာအုပ်တွေထဲမှာ ဖတ်ကြည့်ရင် အပြည့်ပဲ။

ဖြေ။       ။ မီဒီယာတစ်ခုက ထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိသလားဆိုပြီးမေးပါတယ်။ ထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဘူးလို့ ကျနော်ကပြောတယ်။ အဲဒီလိုပြောတော့ လူမှုကွန်ရက်မှာ ကျနော့်ကို ဝိုင်းဆဲတာပေါ့။ ဒီလောက်ကောင်းရင် မင်းသွားနေပါလားဆိုပြီး ကျနော့်ကို ဆဲကြတာပေါ့။ ဒါက ဘယ်လိုခေါ်မလဲဆိုတော့ ထောင်ထဲမှာ သွားကြည့်လိုက်တဲ့အခါမှာ တော်တော်လေးကို သာသာယာယာ ဖြစ်နေတာတွေ့ရတယ်။ သို့သော် လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘူးလားဆိုတော့ ရှိတော့လည်း ရှိပါတယ်။ အဲဒီတော့ နှစ်ကြီး နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေရတဲ့ သူတွေကို မေးကြည့်တဲ့အခါမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ထောင်တွင်းအခြေအနေတွေ တိုးတက်လာတယ်လို့ ပြောတယ်။ အရင်တုန်းကတော့ ထောင်သားကို အပြစ်မရှိ အပြစ်ရှာ အလကားနေရင်းနဲ့ကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေတာ။  ကြည့်မရရင်ကို ခေါ်ပြီး ရိုက်နေခဲ့တာ။ အရင်တုန်းက ။ အခုခေတ်မှာက အဲဒါတော့ တော်တော်ကြီးကို ရှားသွားပြီ။ ဟိုတစ်လောက ရိုက်တယ် နှက်တယ်ဆိုတဲ့ မင်းကွန်းစခန်းကိစ္စကဆိုရင် ထောင်သားတွေက ထွက်ပြေးကြတယ်။ ထွက်ပြေးတော့  ပြန်မိတဲ့အခါမှာ အကျဉ်းစခန်းအရာရှိတွေက ရိုက်တယ်ပေါ့။ သူ့စိတ်ခံစားမှုကို မထိန်းနိုင်တော့ ရိုက်တယ်ပေါ့။ ထွက်ပြေးရင် သူပြုတ်တော့မှာကိုး။ အဲဒီတော့ မိတဲ့အခါကျတော့ ဒေါသဖြစ်ပြီး ရိုက်တာပေါ့။ နောက်တစ်ခုကတော့ ထောင်သားအချင်းချင်း ရိုက်ဖြစ်တယ်။ ရန်ဖြစ်တော့ နောင်ကြဉ်အောင် ရိုက်နှက်တာမျိုးတွေရှိတယ်။ တစ်ချို့ထောင်သားကျတော့ ရေထမ်းတာလား၊ ထမင်းတောင်းထမ်းတာလားမသိဘူး အဲဒီမှာ ဆောင့်ကြီးအောင့်ကြီးလုပ်ပြတယ်။ အဲဒီမှာ ရိုက်တယ်။ ရိုက်ခွင့်တော့မရှိဘူး။ ဖြေရှင်းပုံဖြေရှင်းနည်းမှားတယ်။  ဟိုတုန်းကတော့ သက်သက်မဲ့ ချိုးနှိမ်တဲ့ အနေနဲ့ကို ရိုက်တာ။ ဒါမျိုုးတွေက အခုခေတ်မှာ ရှားသွားပြီ။ ခုလို ရိုက်တယ် နှက်တယ် အပြစ်ပေးတယ်ဆိုတာတောင်မှ ကျနော် ထောင် ၂၀ လောက်စစ်တာမှာ ၁ ထောင်လောက်ပဲ တောင် မတွေ့ရပါဘူး။ ထောင် ၃၀ စစ်လိုက်တော့မှ  ၁ထောင်ပဲ တွေ့ရတယ်။ ဒါက လွတ်လွတ်လပ်လပ် ကျနော့်ကို တင်ပြခွင့် ရှိတယ်ဆိုလို့တင်ပြ သတင်းပို့ကြတာ။ ကျနော်တို့ သတင်းပို့ တင်ပြနေချိန်မှာ အနားပတ်ဝန်းကျင်မှာ ထောင်သားနဲ့ ကျနော်နဲ့ နှစ်ဦးတည်း စကားပြောကြတာ။ လွတ်လွတ်လပ်လပ် ပြောကြတာ။ ထောင်ဝန်ထမ်းတွေ မရှိတဲ့နေရာမှာ စကားပြောကြတာ။ အဲဒီလိုမေးတာဖြစ်လို့ ထောင်မှူး မကောင်းကြောင်းလည်း ပြောလို့ရတယ်။ ထောင်အရာရှိတွေ မကောင်းတာတွေလည်း ပြောလို့ရတဲ့ အနေအထားမျိုး။ တစ်ချို့ဆိုလို့ရှိရင် ထောင်သားတွေက ထောင်ပိုင်ကြီးကို ပြောင်းမပေးအောင် လုပ်ပေးပါ။ ထောင်ပိုင်ကြီးသည် ထောင်သားတွေအပေါ်မှာ တကယ့် မိဘလို ဆက်ဆံတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုပြီး တောင်းဆိုတဲ့ ထောင်တောင်မှရှိတယ်။ ပြောချင်တာက ထောင်အားလုံးသည် အရမ်းကြီးပြောင်းလဲသွားပြီ ဆိုတဲ့ သဘောကိုပြောချင်တာပါ။ ရိုက်နှက်မှုတွေ အတန်အသင့်ရှိပါတယ်။ အရင်ကလို ခွက်အရေအတွက်နဲ့ရေချိုးတဲ့စနစ် ထောင်အားလုံးမှာ မရှိသလောက်ဖြစ်သွားပါပြီ။ ရေအဝချိုး တစ်နေ့ နှစ်ကြိမ် ချိုုးခွင့်ရကြပါပြီ။ ရေရှားပါးတဲ့ အကျဉ်းထောင် ဘားအံထောင် ရေအင်မတန်ရှားပါတယ်။ ဒေသန္တရ အစိုးရကလည်း ရေတွင်းတူးပေးဖို့ ကြိုးစားပါတယ်။ ပေ ၆၀၀ လောက်ထိ  တူးပေမယ့်လည်း ရေမတွေ့ပါဘူး။ မုံရွာထောင် အတန်အသင့် ရေရှားပါတယ်။ သူ့ဟာသူ နည်းလမ်းရှာပြီး ဖြေရှင်းနေကြပါတယ်။ အချို့ထောင်တွေမှာ ရေရှားတော့ ရေချိုးတာမဝတဲ့ ပြဿနာရှိတယ်။ ရေရှားတဲ့အတွက် သက်ကြီးရွယ်အိုတွေ ရေဝအောင် မချိုးရတဲ့ ပြဿနာရှိတယ်။ သက်ကြီးရွယ်အိုတွေက ကလေးတွေနဲ့ ယှဉ်ပြီး ရေလုမချိုးနိုင်ဘူး။ ဒါကြောင့် သက်ကြီးရွယ်အို ရေချိုးတဲ့နေရာတွေ စီစဉ်ပေးဖို့ ကျနော်တို့ ပြောခဲ့တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ပေမယ့် လူ့အခွင့်အရေးထိခိုက်နေတာပေါ့။ အဲဒီလိုပြဿနာမျိုးတွေရှိတယ်။ ထမင်းကို အဝစား ပုံစံမလို တော့ဘူး။ အရင်တုန်းက တမင်သက်သက်ကို ထမင်းထဲမှာ သဲထည့်ပြီး ကျွေးတာမျိုး ရှိပါတယ်။ အခုတော့ ထမင်းကောင်းပါတယ်။ ပဲဟင်းသည် ကျနော်တို့သွားစစ်တဲ့အချိန်မှာ အလွန်ကောင်းပါတယ်။ ကျနော်တို့ မရှိတော့အချိန်မှာ ပဲဟင်းက ရေကျဲဖြစ်သွားတယ်။ ကျနော်တို့ လက်ခံတယ်။ တစ်နေ့တာအတွက် အကျဉ်းသားတစ်ဦးကို မနက်စာ၊ နေ့လယ်စာ၊ ညနေစာ ၃ နပ်ပေါင်းမှ တစ်ဦးကို ငွေကျပ် ၆၀၀ ပဲ သုံးတယ်။ အဲဒီ ငွေ ၆၀၀ ထဲမှာ ဆန်၊ ဆီ၊ ဆား အကုန်ပါရတာဖြစ်တော့ ဘယ်လိုမှတော့ ဟင်းက မကောင်းနိုင်ဘူး။ အခုတော့  အကျဉ်းသားတစ်ဦးကို ငွေကျပ် ၉၀၀ ဖြစ်သွားပြီ။

အဲဒီတော့ အလုပ်စခန်းတွေဆိုလို့ရှိရင်တော့ အကျဉ်းသားတစ်ဦးကို ငွေ ၁၀၀၀ ဖြစ်သွားပြီ။ အသား နှစ်နပ်ကနေ လေးနပ်စားရတဲ့ အခြေအနေအထိ တိုးတက်လာပါတယ်။ နိုင်ငံတော်အစိုးရကလည်း တတ်နိုင်သလောက်တော့ တိုးပေးတဲ့သဘောရှိပါတယ်။ အကျဉ်းသားသည် အကျဉ်းသားလို စားရတဲ့ သဘောရှိတယ်။ အိမ်ထမင်း အိမ်ဟင်းလိုတော့ မကောင်းနိုင်ဘူး။ သို့သော် အပုတ်အသိုး မစားရဘူး၊ ခဲရေ တိုက်တာမရှိတော့ဘူး။ စပါးလုံးတွေနဲ့ မစားရဘူး။ သဲတွေနဲ့ ကျွေးတာမျိုးမရှိတော့ဘူး။ အများစုကတော့  အများကြီးတိုးတက်လာတယ်။ ထောင်ထဲမှာ ထောင်သားအချင်းချင်း အုပ်ချုပ်တဲ့ စနစ်ရှိပါတယ်။ ဒီစနစ်က မရှိလို့ မရဘူးလားဆိုတော့ အကျဉ်းဝန်ထမ်း အရေအတွက် အင်မတန်နည်းတယ်။ ဝန်ထမ်းနည်းတော့ ညဘက်ဆိုရင် ထောင်သားကြီးပဲ လွှတ်ထားရတာ။ ထောင်ဝန်ထမ်းထဲက အထဲမဝင်တော့ဘူး။ မျှော်စင်က ကြည့်ကြတယ်။ ထောင်သားအချင်းချင်း အုပ်ချုပ်တဲ့ စနစ်မရှိဘူးဆိုရင် အထဲမှာ အချင်းချင်း သတ်ပုတ်ကုန်ကြလိမ့်မယ်။ သူတို့ထဲမှာ လူမိုက်တကာ လူမိုက်ဖြစ်တဲ့ကောင်ကို မွေးထားရပါတယ်။ မွေးထားပြီး ပြန်အုပ်ချုပ်ခိုင်းရတယ်။ ဒီလိုအုပ်ချုပ်တဲ့သူက မဟုတ်တာလုပ်ရင်တော့ ပြန်ဖြုတ်ပြီး အဆောင်ပြောင်းပြီး အခြားလူအောက်ကို ပို့ပစ်လိုက်တယ်။ တစ်ချို့လည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ကျနေတဲ့ စစ်ဗိုလ်လေးတွေရှိတယ်။ သူတို့ကို  ပြန်အုပ်ချုပ်ခိုင်းတယ်။ ဒီစစ်ဗိုလ်လေးတွေက မျှမျှတတနဲ့ အကျဉ်းသား အခွင့်အရေးကို တောင်းဆိုတာတွေလည်း ရှိပါတယ်။ ထောင်ထဲမှာ လူ့အခွင့်အရေးမှုတွေက တော်တော်လေးပါးသွားတယ်။ နည်းသွားတယ်လို့ပြောလို့ရပါတယ်။ ပျောက်ပြီလားဆိုတော့ မပျောက်သေးပါဘူး။ ရှိနေပါသေးတယ်။

မေး။      ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်းဟေးလီက ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တယ်၊ ဒီနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်နေတယ် ဆိုပြီး ပြောထားတယ်။ ဆရာပြောတဲ့ အထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပါးသွားတယ်၊ နည်းသွားတယ် ပြောနေတယ်။ ဘာကွာတာလဲ။

ဖြေ။       ။ ပြောရရင်တော့ မြေနိမ့်ရာ လှံစိုက်တဲ့သဘောပါပဲ။ တစ်ချို့နိုင်ငံတွေက လူ့အခွင့်အရေး အတော်ကြီး ကို ချိုးဖောက်တာရှိတယ်။ ဒါပေမယ့် အဲဒီနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက A အဆင့်ပေးထားတယ်။ ကျနော်တို့လို အသားကုန် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ ကော်မရှင်ကို  B ပဲပေးတယ်။နိုင်ငံရေးအရ ထိုးနှက်ချက်တွေ အများကြီးရှိတယ်။ တပ်မတော် က ချိုးဖောက်တယ်ဆိုတဲ့ နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ချိုးဖောက်မှုတွေကို ကျတော့ ဘာလို့ မပြောသလဲ။ ဒါရှိတယ်။ တပ်မတော်က ကလေးစစ်သားသုံးတယ်ဆိုပြီး ကျယ်ကျယ်လောင်လောင် အော်ကြတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီမှာရော  ကလေးစစ်သားမရှိဘူးလား။ တပ်မတော်မှာ ကလေးစစ်သားရှိတယ်ဆိုတာက သွေးဆောင်ဖြားယောင် စည်းရုံးတာရှိမယ်၊ မိသားစုက တိုင်တယ် တော်တယ်။ ILO ကို တိုင်တယ်ဆိုရင် စိစစ်ပြီး မှန်တယ်ဆိုရင် ပြန်လွှတ်ပေးတာတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဲသလိုမဟုတ်ဘူး။  လူတွေကို ဓားမြတိုက်သလို အိမ်တွေမှာ တက်ဆွဲတာ။ ဒီကလေး လိုက်ကိုလိုက်ရမယ်။ အထဲမှာ စစ်သင်တန်းပေးတယ်။ ပြီးရင် ရှေ့ကနေ တိုက်ခိုင်းတယ်။ သေကုန်တယ်။ ဘယ်သူမှ မပြောဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေသည် ကလေး စစ်သားတွေ အများကြီးရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိတယ်။ ဟိုတစ်နေ့က လားရှိုး ဗုံးခွဲတယ်။ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာပေါ့။ လူတွေရဲ့ စီးပွားရေး၊ အသက်ရှင်သန်ခွင့်၊ ကျန်းမာရေးတွေ ထိခိုက်တယ်။ ဘဏ်မှာ ပိုက်ဆံ ထားကြတဲ့ ပြည်သူတွေကို စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေတယ်။လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်တာ။  ဒါ ဘယ်သူလုပ်တာလဲ။ တပ်မတော်က လုပ်တာလား။ မဟုတ်ဘူး။ သောင်းကျန်းသူ အဖွဲ့အစည်းက သူတို့လိုချင်တဲ့ ဆက်ကြေးမပေးလို့ လုပ်တာ။ ဒါတွေကျတော့ ဘယ်သူမှ ဘာမှ မပြောကြတော့ဘူးလေ။ တပ်မတော်ကိုပဲ အပြစ်တင်နေတာက နိုင်ငံရေး အရလို့ ယူဆပါတယ်။ နိုင်ငံရဲ့ အခြေအနေ  မချမ်းသာလို့ပြောတယ်လို့ယူဆပါတယ်။ ရခိုင်မှာလည်း ဒီလိုပါပဲ။ ကျနော် ရခိုင်ရောက်တဲ့အခါမှာ ရခိုင်ရွာတွေကို ထောင်နဲ့ချီတဲ့ ဘင်္ဂါလီအုပ်က ဓားတွေ လှံတွေနဲ့ ဝိုင်းအော်ပြီး လာကြတဲ့အခါမှာ ရခိုင်နဲ့တိုင်းရင်းသား ရွာသားတွေ ဘယ်လောက်ကြောက်ကြမလဲဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီလိုနေရာမှာ လူ့အခွင့်အရေး လုံး၀ ချိုးဖောက်ခံနေရပြီ။ နောက်ထပ် တပ်စခန်း၊ ရဲစခန်းကို အတင်းဝင်ပြီး စီးပြီး မိတဲ့သူ ခေါင်းဖြတ်သတ်တယ်။ သူတို့ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြီးအကျယ်လုပ်တာ ကို တစ်ခွန်းမှ မပြောဘဲနဲ့ ဒီဘက်က ပြန်လည် တုံ့ပြန်တဲ့အခါကျတော့မှ အင်အားအလွန်အကျွံ့သုံးတယ် ပြောလာပါတယ်။ နောက်တစ်ခုက မြစ်ကြီးနားဖြစ်တဲ့ ဖြစ်စဉ်။ ရဲဘော်ဆီက သေနတ်ကို ဝင်လုလို့ ပစ်လိုက်တယ်။ အဲဒီကျတော့ ပြည်သူလူထုကို တပ်မတော်က ပစ်တယ်ဖြစ်ပြန်တယ်။ အာ့ဆိုရင် သေနတ်ဝင်လုပ်တာကို သေနတ်ပေးလိုက်ရမှာလားဆိုတာရှိတယ်။ အဲဒီတော့ ကျနော်တို့ ဆင်းရဲတယ်။ ကျနော်တို့နိုင်ငံမှာ သူများကြောက်ရလောက်အောင် လက်နက်ကိရိယာမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ကို ပြဿနာမျိုးစုံပေးတယ်လို့ပဲ ယူဆပါတယ်။ နောက်တစ်ခုက ကျနော်တို့နိုင်ငံကို သီးခြားခွဲပစ်လိုက်ချင်တာ။ စုစည်းညီညွတ်နေတာကို ခွဲပစ်လိုက်ချင်တာ။ အပိုင်းပိုင်းကွဲမှပဲ လုပ်ချင်တာလုပ်လို့ရမယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။ အမျိုးမျိုးသော အနိုင်ကျင့်ချင်လို့ လုပ်နေကြတာပါ။ တကယ်တော့ ဒေါ်ယန်းဟေးလီက လာတယ်ဆိုတာ ကျနော်တို့ ကုလသမဂ္ဂ ပိဋိညာဉ် စာတမ်းအရ ဖွဲ့တဲ့ အဖွဲ့ထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဆိုတာ ရှိပါတယ်။ အဓိကက အဲဒါပါပဲ။ သူ့အောက်မှာ ဘာတွေရှိလဲဆိုတော့ Special Procedures တွေရှိပါတယ်။ နှစ်စဉ် ပုံမှန်သုံးသပ်တဲ့ အစီရင်ခံစာရှိပါတယ်။ ဒါတွေက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေဖြစ်ပါတယ်။ အထူးလုပ်ငန်းစဉ်တွေထဲမှာမှ Special Rapporteur တွေရှိပါတယ်။ Special Rapporteur ဆိုတာက အထူးအစီရင်ခံစာ တင်သွင်းသူ တွေပေါ့။ အထူးအစီရင်ခံစာ တင်သွင်းသူတွေကလည်း နှစ်ပိုင်းရှိပါတယ်။ ဘာသာရပ်အလိုက် အစီရင်ခံစာ တင်သွင်းသူရှိတယ်။ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းသူ တွေရှိတယ်။ နိုင်ငံအလိုက် အစီရင်ခံစာ တင်သွင်းသူတွေရှိတယ်။ ယန်းဟေးလီက မြန်မာနိုင်ငံကို နိုင်ငံ အလိုက် အစီရင်ခံစာ တင်သွင်းသူဖြစ်ပါတယ်။ ဒီနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေစစ်ဆေးတယ်၊ စောင့်ကြည့် တယ်။ အစီရင်ခံစာတွေ ထုတ်ပြန်တယ်။ ဒါက တစ်ဦးတည်းလုပ်တာပါ။ အဲဒီတစ်ဦးတည်းလုပ်တဲ့ လူကတော့ သူ့ကို အထူးအစီရင်ခံစာတင်သွင်းသူလို့ ခေါ်တယ်။ သူက လွတ်လွတ်လပ်လပ် လုပ်တယ်။ သူ့မှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ရုံးအဖွဲ့ တွေရှိတယ်။ သူတို့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ခန့်အပ်ပါတယ်။ လုပ်ခလစာ မရပါဘူး။  Personal  အရည်အချင်းကိုပဲ ကြည့်ပြီး ခိုင်းတာဖြစ်ပါတယ်။ တစ်ဦးတည်း လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် သူ့မှာ ဘက်လိုက်မှုတို့ ပုဂ္ဂိုလ်ရေး ခံစားမှုကို ရှေ့တန်းတင်တာတို့ ဒါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကျနော်တို့နဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုမရှိတဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေမှုတွေ ရှိတဲ့အခါမှာ သူရဲ့  အစီရင်ခံစာတွေက ပိုပြီး ကြမ်းတမ်းတတ်တာမျိုးတွေရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များတာထက် သူရဲ့ ပုဂ္ဂိုလ်ရေးအဆင်မပြေမှုပေါ်မှာ မူတည်ပြီး သူပြောသလောက်တော့ လူ့အခွင့်အရေးတွေ မဆိုးပါဘူး။ ရဲကလည်း ရိုက်တယ်၊ နှက်တယ်။ ကျူးလွန်တယ်ဆိုရင် ကျနော်တို့ကို သတင်းပို့ ကျနော်တို့ကလည်း စစ်ဆေးပြီး မှန်တယ်ဆိုရင် အရေးယူပေးတယ်။ တပ်ကလည်း ပြဿနာဖြစ်ရင် ထုတ်ပစ်တယ်။ ထောင်ချတယ်။ အရာရှိတွေကို လုပ်တာပါ။ ဒါမျိုးတွေရှိတော့ ဒီလူတွေသည် လူ့အခွင့်အရေး ခုနပြောသလို ပြောသလိုပဲ ဟောပြောပွဲတွေမှာ သူများဝန်ကြီးဌာနက ၂၀၀ ပဲတက်ရင် ကာကွယ်ရေးဝန်ကြီးဌာနက ၅၀၀၊ ၇၀၀ တက်တယ်။ လူ့အခွင့်အရေး ကို မလေးစားဘူးဆိုတာမ ဟုတ်တော့ဘူး။ လေးစားတယ်။ ဒါအပေါ်မှာ လူအုပ်ကြီးလာပြီးတော့ လူလေး ၁၄၊ ၁၅ ၊ ၁၆ လောက်ပဲရှိတဲ့ လက်နက် အဖွဲ့အစည်းကို ဝင်လုတဲ့အချိန်မှာ အကုန်လုံး စီးမိရင် ဒီလူ ၁၄၊ ၁၅ ၊ ၁၆ ယောက်လောက်က သေမှာ။ လက်နက်တွေလည်း ဆုံးမယ်၊ လူလည်းသေမယ်။ အဲဒီလို အဖြစ်မခံနိုင်တော့ ပစ်တော့မှာပဲ။ ပစ်ရင်တော့ လူတွေသေကြမှာပဲ။ အဲဒီကျတော့မှ လူတွေ မတရားသတ်နေပါပြီဆိုတဲ့ စွပ်စွဲချက်တွေက သဘာဝကျလား၊ အသေခံရမှာလား ဆိုတာလည်း ပြန်စဉ်းစားကြည့်ပါဦး။ တစ်ချို့ကိစ္စတွေမှာ စိတ်ခံစားမှုအလိုက် လုပ်တာတွေလည်း ရှိတယ်။ ဥပမာ အင်းဒင်ကိစ္စဆိုလို့ရှိရင် စိတ်ခံစားမှုဒေါသတွေနဲ့လုပ်လိုက်တယ်။ ဒီလို ဒေါသတွေထွက်အောင် ဟိုဘက်က လုပ်ခဲ့တာကိုလည်း ပြန်ကြည့်လိုက်ရင်လည်း ကြောက်ခမန်းလိလိ။ တကယ့်ကို တုန်လှုပ်ခြောက်ခြားနေအောင် လုပ်ခဲ့တဲ့အတွက် ဒီဘက်ကလည်း လုပ်လို့ရတဲ့အချိန်မှာ လုပ်ထည့်လိုက်တာပဲ။ အပြန်အလှန်လှန်လုပ်ကြတာပဲ။ ဒီဘက်က လုပ်တာကိုပဲ လူ့အခွင့်အရေးချိုးဖောက်မှုပြောပြီး ဟိုဘက်က လုပ်တာကို လူ့အခွင့်အရေးချိုးဖောက်မှုလို့ မပြောရင် ဒါတော့ မမျှတဘူးလို့ ယူဆပါတယ်။ သို့သော် ဒီဘက်က အဲဒီလို လုပ် သတ်ဖြတ်တာကို ထောက်ခံသလားဆိုတော့ မထောက်ခံပါဘူး။ ဒါ မလုပ်သင့်ဘူး။ ဒီလို ခံစားမှုအရ ဒေါသအရ တုံ့ပြန်ခြင်း သည် မသင့်တော်ဘူး။ အင်းဒင်ကိစ္စမှာ ကြည့်ရင် ဒီလိုလုပ်မှုဟာ လူ့အခွင့်အရေးအရ မှားတယ်လို့ေ ပြာချင်ပါတယ်။ ဟိုဘက်က လုပ်ဆောင်မှုကိုလည်း ပြန်ပြီးတော့ အပြစ်တင်ဖို့ အရေးယူဖို့ လိုလိမ့်မယ်လို့ ယူဆပါတယ်။

မေး။      ။ ရခိုင်ကိစ္စမှာ ကျနော်တို့နိုင်ငံက တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်တည်းဖြစ်လာတာက ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဘဲ သူတို့ဘက်ကနေ ကျနော်တို့နိုင်ငံကို တမင် ကမ္ဘာက ဖိအား ပေးနေ တာလား။ အများကမှားနေတာလား။ ကျနော်တို့က မှားနေတာလား။ ဘယ်သူမှားနေတာလဲ။ ကျနော်တို့က တစ်စုံတစ်ရာ ချိုးဖောက်မှုမရှိဘဲ နိုင်ငံတကာဝိုင်းပြီး ဂွင်ဆင် စွပ်စွဲနေတာလား။

ဖြေ။       ။ ပြောရတာ နည်းနည်းကျပ်တယ်။ ခုနတုန်းက တစ်ဖက်ရဲ့ ပရိယာယ်က တော်တော်လေးကို ပြောင်မြောက်တယ်။ ဘယ်လိုလဲဆိုတော့ ဆရာ့ကို မအေနှမ ထိုင်ဆဲမယ်။ ဘယ်လိုမှ မခံသာ အောင်ပြောမယ်။ ဂုဏ်သိက္ခာတွေလည်း တစ်ပြားမှ မကျန်အောင်ပြောမယ်။ ပြောမရရင် နားရွက်ကို တံတွေး ဆွတ်မယ်။  မခံနိုင်တော့မှ ဆရာက ကျနော့်ကို ခံထိုးမယ်။ အဲဒီအချိန်ကျတော့မှ ဘေးနားက ကင်မရာနဲ့ ထိုင်စောင့်နေတဲ့သူက ကျနော်က ဆရာ့ကို ဆဲချိန်၊ တံတွေးနဲ့ ထွေးချိန်မှာ မရိုက်ဘူး။ ဆရာက ကျနော့်ကို ထထိုးတဲ့အချိန်ကျမှ ရိုက်တော့တယ်။ ဆရာက လူယုတ်မာကြီးဖြစ်သွားပြီ။ ဒီလိုပုံစံမျိုးဖြစ်တယ်လို့ခံစားရတယ်။ ဒီဘက်က ဖားအော်တာတော့ လူတွေမြင်တယ်။ မြွေကိုက်တာတော့ လူတွေမသိဘူးပေါ့။ ဒီလို ပရိယာယ်တွေထဲမှာ ဝင်သွားတယ်လို့ ထင်တယ်။ နောက်တစ်ခုက ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုးရဲ့  ဗီဇက နိုင်ငံခြားသားကို မယုံတဲ့ ရောဂါ ရှိတယ်။ တစ်ချို့ကိစ္စတွေမှာ  မယုံလို့ မဆက်ဆံရင် ပိုဆိုးတယ်။ ယုံယုံကြည်ကြည်နဲ့ပွင့်ပွင့်လင်းလင်း လုပ်လိုက်မယ်ဆိုရင် ပိုရှင်းသွားတာမျိုးလည်း ရှိတတ်တယ်။ ဒီလိုဟာမျိုးလည်း ပါတယ်လို့ယူဆတယ်။ ရခိုင်ကိစ္စကတော့ ရခိုင်မှာ တော်တော်ကြာကြာ နေခဲ့ဖူးတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတုန်းက။ ၁၉ ၄၇ ခုနှစ်လောက်တုန်းက ရခိုင်တွေကို အကုန်သတ်ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေသည် အဲဒီဒေသမှာ ကြီးစိုးခဲ့တယ်။ အစတုန်းက သူတို့နဲ့ ရခိုင်တွေက အတူယှဉ်တွဲနေထိုင်ခဲ့ဖူးတယ်။ သူတို့ ဘယ်လိုဝင်လာလဲဆိုတာ သမိုင်းကြောင်းကတော့ အားလုံးသိတယ်။ အင်္ဂလိပ်က စပါးစိုက်ဖို့ ခေါ်လာရင်းမှအခြေချ နေထိုင်လာကြတာ။ အဲဒီတုန်းက သူတို့ဝင်လာတာကို မြန်မာတွေရော တိုင်းရင်းသားတွေရောက စိတ်ဆိုးရကောင်းမှန်းမသိ၊ နှင်ထုတ်ရကောင်းမှန်းလည်း မသိ။ အလုပ်သမားရတယ် ခိုင်းလို့ လွယ်တယ်၊ အဆင်ပြေတယ် ဆိုပြီး ကျေးဇူးတောင် တင်နေတယ်။ ကာလကြာတော့ ၁၉ ၄၇ ခုနှစ်ကျတော့ ရခိုင်တွေကိုသတ်၊ ဘုရားစေတီတွေ ဖျက်တယ်။ ရွာတွေတည်တယ်။ နာမည်ကတော့ ဝေသာလီ၊ တစ်ရွာလုံးက ဘင်္ဂါလီတွေဖြစ်ကုန်တယ်။ နိုင်ငံခြားသားတွေဖြစ်ကုန်တယ်။ လွတ်လပ်ရေး မရခင်ကဖြစ်ခဲ့တယ်။ အဲဒီနောက် လူဦးရေ မွေးဖွားနှုန်းက အရမ်းမြင့်တယ်။ အိမ်ထောင်တစ်စုမှာ ယောင်္ကျားတစ်ယောက်တည်းနဲ့ မိန်းမ အများကြီးယူပြီး လူဦးရေ ၂၅ ဦးလောက် မွေးတယ်။ သူ့ကလေး သူတောင် မမှတ်မိတဲ့ပုံစံဖြစ်လာတယ်။ လူဦးရေ ပေါက်ဖွားနှုန်းက အရမ်းများပြီး တစ်ရွာနဲ့ တစ်ရွာ ခြားတာ လယ်ကွင်းမရှိတော့ဘဲ ဆက်သွားတယ်။ ပျံ့နှံ့နေထိုင်မှုက ကြီးမားလာတယ်။ ၉ ၆ ရာခိုင်နှုန်းက သူတို့တွေဖြစ်ပြီး ကျန်တဲ့ရာခိုင်နှုန်းက တိုင်းရင်းသားတွေပေါ့။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ ဖြေရှင်းဖို့ နည်းလမ်းကတော့ေ တာ်တော်ရှာရဖွေရ တော်တော်ခက်နေတယ်။ ပြန်လွှတ်လို့လည်းမရ။ သတ်ပစ်လို့လည်းမဖြစ်။ ဒီပြဿနာကို မရှင်းနိုင် မရှင်းနိုင်နဲ့ အစိုးရအဆက်ဆက်က အဲသလို။ ဘယ်လိုရှင်းရင်ကောင်းမလဲ စဉ်းစားရင်း ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ပဲ ဒီပြဿနာက မပြီးဘူး ဖြစ်နေတာ။ ဒီပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ်သွားခွင့်ပြုလိုက်ရင် အဲဒီဒေသလို ကျန်တဲ့ နေရာတွေမှာ ဖြစ်ကုန်မှာ တော်တော်စိုးရိမ်ပါတယ်။ ဖြစ်လည်းဖြစ်တာပဲ။ ကျနော်တို့ ကရင်ပြည်နယ်မှာ ရွာစပ်မှာ ကုလားတစ်အိမ်ရောက်လာပြီး သိပ်မကြာဘူး အဲဒီမှာ ရွာတစ်ရွာဖြစ်သွားတယ်။ နောက်သိပ်မကြာဘူး  ရွာအကြီးကြီးဖြစ်သွားတယ်။ အဲဒါကို စိုးရိမ်မှုတွေရှိပါတယ်။ ရှိတော့ သူတို့အပေါ်မှာ ကန့်သတ်မှုတွေလုပ်ကြတယ်။ ကန့်သတ်မှုတွေလုပ်ခြင်းသည် တစ်ဖက်သား ကန့်သတ်ခံရသူတွေ အတွက် အလိုလို မကျေနပ်မှုတွေကို ပွားများစေတယ်။ ဒီဘက်ကျတော့လည်း သူတို့ရဲ့ လူဦးရေ ပေါက်ဖွားနှုန်းနဲ့ အမျိုးဘာသာ သာသနာ စတာတွေကို လူဦးရေနဲ့ ဖိသွားမှာကို ကြောက်တဲ့အတွက် ကန့်သတ်မှုတွေ လုပ်တယ်။ ကန့်သတ်မှုတွေကို တစ်ဖက်က မကျေနပ်ဘူး။ အဲဒီအပေါ် အခြေခံပြီး လှုံဆော်ချင်တဲ့လူတစ်စု က  ရိုးရိုးသားသားဒုက္ခရောက်နေတဲ့ ဘင်္ဂါလီတွေကို စည်းရုံးပြီး မင်းတို့ ငါတို့နဲ့ ပူးပေါင်းရင် ဒီလို အကျိုးကျေးဇူးရမယ်။ မပူးပေါင်းရင်တော့ ဒီလိုပဲ တစ်သက်လုံးခံရမယ်။ ချမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စည်းရုံးလိုက်တာ အင်မတန်လွယ်ပါတယ်။ ပြီးတော့ သူတို့သည် စာမတတ်သူများပါတယ်။ စည်းရုံးလို့ လွယ်လွယ်ကူကူရနိုင်ပါတယ်။ စည်းရုံးလို့မရရင်လည်း ခြိမ်းခြောက်စည်းရုံးတာတွေလည်းရှိပါတယ်။ ဟိုဘက်က ဘာလုပ်ချင်လဲဆိုတော့ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခုက ယူဂိုဆလားဗီးယားက ကိုဆိုဗိုလို ဖြစ်သွားမှာ တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ဒီနေရာလေးကို မြန်မာနိုင်ငံထဲကနေ ဖဲ့ယူပြီး လွတ်လပ်ရေး ရယူပြီး လုပ်မှာ စိုးရိမ်ရပါတယ်။ ဒီရည်ရွယ်ချက်နဲ့လုပ်နေတယ်လို့ ကျနော်တို့က စိတ်ပူပါတယ်။

မေး။      ။ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ လူ့အခွင့်အရေး၊ အမျိုးသားရေးနဲ့ လူ့အခွင့်အရေး မျဉ်းပြိုင် နှစ်ကြောင်းဖြစ်နေတော့ ဘယ်ဟာက အဓိက ဖြစ်မလဲ။ ဘာကို ဦးစားပေးရမလဲ။ လူ့အခွင့်အရေး ကော်မရှင်က ဘာကို ဦးစားပေးမလဲ။

ဖြေ။       ။ Win Win ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ နိုင်ငံတော်ကိုလည်း မထိခိုက်ဘူး၊ လူ့အခွင့်အရေးကိုလည်း မထိခိုက်ဘူး။ အဲဒီလို အဖြေမျိုးက တော်တော်လေးကို ကြံဆရမယ့်သဘောရှိပါတယ်။ အားလုံးတိုင်ပင်ညှိနှိုင်းဆွေးနွေးကြဖို့နဲ့  အမျှော်အမြင်ကြီးဖို့ သည်းခံစိတ်ရှိဖို့ လိုပါတယ်။ တစ်ချို့ကိစ္စတွေမှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြသနာတွေလိုပေါ့။ ဒါကြီးက အချိန်ပြည့် သတ်ဖြတ်နေကြတာ မပြီးနိုင်တဲ့အခါမှာ ညှိနှိုင်းဖို့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ အစ္စရေး ဝန်ကြီးချုပ်တစ်ဦးက စပြီး လုပ်ခဲ့တယ်။ အဲဒီဝန်ကြီးချုပ်ကို အစ္စရေးတွေက ပြန်လုပ်ကြံလိုက်တယ်။ ငြိမ်းချမ်းမှုကို လုပ်တဲ့အခါမှာ လူမျိုးရေး အမြင်ကြီးမားတဲ့သူတွေက လက်မခံကြဘူး။ ဒါလေးကတော့ ဒီဘက်က လူမျိုးရေးအစွန်းရောက်တဲ့သူတွေကလည်း သည်းခံဖို့တော့ လိုတယ်။ တစ်ဖက်ကတော့ လူ့အခွင့်အရေးကိုပဲ ဦးစားပေးပြီးတော့ သူများနိုင်ငံရဲ့ အခွင့်အရေးကို ၊ ဒီနိုင်ငံသားတွေရဲ့ အခွင့်အရေးကို မလေးစားဘူးဆိုတာကလည်း လွန်တယ်။ အဲဒီနှစ်ခုကို Adjust လုပ်ဖို့လိုတယ်။ ပြီးလို့ရှိရင် လူ့အခွင့်အရေးပဲ ဦးစားပေးမယ်ဆိုရင် ကျနော်တို့နိုင်ငံ ပျောက်သွားမယ်။ အမျိုးသားရေးနဲ့ အချုပ်အခြာအာဏာကိုပဲ ဦးစားပေး မယ်ဆိုရင်လည်း တစ်ဖက်က လူသားတွေဖြစ်နေပြန်တယ်။ တော်တော်လေး သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်ရမယ်။ အားလုံးတိုင်တိုင်ပင်ပင် ညှိနှိုင်းဖြေရှင်းရမယ်။ အရမ်း Rigid ဖြစ်လို့တော့ မရဘူး။ ဒီလူတွေအကုန်လုံးကို သင့်တင့်လေ ျှာက်ပတ်တဲ့ လွတ်လပ်ခွင့် အကျိုးခံစားခွင့်ပေးရမယ်။ သူတို့ကလည်း ဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာရမယ်။ တစ်လင်တစ်မယားနေရမယ်။ ကလေး ဘယ်နှစ်ယောက်ပဲယူရမယ်ဆိုတာကိုလည်း လိုက်နာရမယ်။ ဒီဘက်က ဥပဒေတွေကို မလိုက်နာရင်တော့ ပြဿနာရှိတယ်။ နှစ်ဖက်စလုံးက ဖြေလေ ျှာ့ပေးပြီး ညှိနှိုင်းကြဖို့လိုတယ်။ ကိုယ့်လူမျိုးတွေ ပျောက်သွားအောင်တော့  ဖြေလေ ျှာ့လို့ မရဘူး။ တော်တော်ခက်ပါတယ်။ အများကြီး ကျနော်တို့ ကြိုးစားရမယ်။

မေး။      ။ ကချင်၊ ရှမ်းနဲ့ နယ်စပ်ဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတယ်။ စစ်ဘေးရှောင်တွေမှာလည်း လူ့အခွင့်အရေးအရ ချိုးဖောက်ခံနေရတယ်။ သူတို့အတွက် လူ့အခွင့်အရေးကော်မရှင်က ဘာတွေ လုပ်ပေးနိုင်ပြီလဲ။

ဖြေ။       ။ ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေကို သိပ်မရောက်ဘူး။ သွားလို့မရတာလည်းပါတယ်။ ကျနော်တို့ လုံခြုံရေးကို အာမခံနိုင်ဘူး။ အစိုးရဘက်ကရော ဒေသခံအာဏာပိုင်ကလည်း အာမခံမနိုင်ဘူး။ စခန်းတွေကိုတော့ စာရင်းပြုစုထားတယ်။ သွားခွင့်ရရင်တော့ ကျနော်တို့သွားမယ်။ စစ်ဘေးရှောင်ပြီ ဆိုကတည်းက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အကုန် ချိုးဖောက်ခံရတာပဲ။

မေး။      ။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတယ်။ ဒီအစိုးရလက်ကထက်မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေပေးဖို့ လူ့အခွင့်အရေးကော်မရှင်က စာရင်းပြုစုနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေတွေကို နောက်ဆုံး နိဂုံးချုပ်ရှင်းပြပေးပါ။

ဖြေ။       ။ အရင်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးတာက ထောင်ထဲမှာ ၁၄ နှစ်ကျော်တဲ့ ပုဂ္ဂိုလ်၊ ထောင်ထဲမှာ အခြားပြစ်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ပေးလိုက်တဲ့ စနစ်ပါ။ ထောင်ထဲမှာ တိုက်ထဲမှာ တစ်ယောက်တည်းနေနေရတာ ဘာပြစ်မှုမှ ကျူးလွန်စရာမရှိဘူး။ ထောင်ထဲမှာ ၁၄ နှစ်နေရ တယ်ဆိုကတည်းက သူက ရာဇဝတ်မှု ပြစ်မှုကြီးတွေ ကျူးလွန်တာဖြစ်ဖို့ ထောင်ကျသက်က ရှည်တယ်ပေါ့။ ဒီလိုလူမျိုးတွေ လွှတ်ပေးလိုက်တော့ ရာဇဝတ်သားတွေလွတ်ပြီးတော့ လူဆိုးကြီး ကိုတင်မြင့်လို လူမျိုးတွေ လွတ်ပြီး ရဲတွေကို ထပ်သတ်တဲ့ အဖြစ်မျိုးရှိတော့ ဒီဘက်အစိုးရလက်ထက်မှာ ဒါနဲ့ပတ်သက်လို့ တော်တော်ကို စဉ်းစားလာတဲ့သဘောရှိပါတယ်။ ဒါပေမယ့် လေ ျှာ့ပေးချင်တယ် ။ ဘယ်လိုစနစ်နဲ့ လေ ျှာ့မလဲ။ စနစ်တစ်ခုလိုအပ်လာလို့ဖြည့်ပေးတဲ့သဘောအနေနဲ့ ကျနော်တို့ မူးယစ်ဆေးဝါး တစ်ပြား၊ နှစ်ပြား အနည်းငယ်၊ တစ်ဂရမ်အောက်အမှုနဲ့ ထောင်ကျသူတွေကို လေ ျှာ့ပေးလိုက်လို့ရှိရင် ခံဝန်ချက်နဲ့ လွှတ်ပေးလိုက်မယ်ဆိုရင် ထောင်တွေ တော်တော်လျှော့သွားမယ်။ ပြီးတော့ မတရားပြစ်ဒဏ်ခံရတာပါလို့ တင်ပြတဲ့ ပုဂ္ဂိုလ်တွေကို ဘုတ်အဖွဲ့တစ်ခုနဲ့ စိစစ်ပြီးတော့ လွှတ်ပေးသင့်၊ မလွှတ်ပေးသင့် စိစစ်တာပေါ့။ တစ်ချို့ကျတော့ သံသယရဲ့ အကျိုးကို ခံစားခွင့်ရှိပါလျက်နဲ့ မခံစားရဘူး။ သံသယအကျိုးမရဘူး။ အဲဒါတွေကို ပြန်စိစစ်ပြီး တစ်ယောက်တည်း မဆုံးဖြတ်ပါနဲ့။ ဘုတ်နဲ့ လုပ်ပါ။ တင်ပြထားတာရှိပါတယ်။နောက်တစ်ခုက အိပ်ရာပေါ်မှာ ပက်လက်လဲနေတဲ့ မကျန်းမာတဲ့ ထောင်သားတွေရှိပါတယ်။ သူတို့သည် ရာဇဝတ်မှု ထပ်ပြီး ကျူးလွန်ဖို့ နေနေသာသာ သူ့ဟာသူတောင် အိပ်ရာပေါ်ကတောင် မထနိုင်တဲ့သူမျိုးတွေကို မိသားစုထံ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးရင် သင့်တော်ပါတယ်ဆိုတာမျိုး။ သက်ကြီးရွယ်အို အသက် ၇၀ ၊ ၈၀ တွေကို ပြန်လွှတ်ပေးဖို့ တင်ပြထားတာရှိပါတယ်။ ဒီအထဲမှာ ခြွင်းချက် လူသတ်မှု၊ မုဒိမ်းမှု၊ လူသတ်မုဒိမ်းမှု၊ အလောင်းဖျောက်မှု လုပ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ မစဉ်းစားပါနဲ့။ ဒါလေး ကျနော် ထည့်ထားပါတယ်။ အဲဒီလို လုပ်လိုက်ပါတယ်။ ထောင်ထဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲတဲ့ သင်တန်းတွေ ပို့ချဖို့။ ပြီးတော့မှ စိတ်ပညာဆရာဝန်နဲ့ ရှေ့နေ၊ တရားသူကြီးအငြိမ်းစား၊ ရဲအရာရှိအငြိမ်းစားတွေနဲ့ အဖွဲ့တစ်ခုဖွဲ့ပြီး ခရိုင်တစ်ခုမှာ တစ်ဖွဲ့ ဖွဲ့ပြီး အဲဒီအကျဉ်းသားတွေရဲ့ စိတ်အခြေအနေတွေ တိုးတက်လာသလား။ အမှတ်ပေးတဲ့စနစ်နဲ့ လုပ်မယ်။ ပထမတစ်ခါပြောင်းတယ်။ ဒုတိယတစ်ခေါက်လည်း တိုးတက်လာတယ်။ တတိယကျတော့လည်း တိုးတက်ပြောင်းလဲလာရင် အပြင်မှာ လွှတ်ပေးလိုက်တာပေါ့။ သနားစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ လွှတ်သင့်တဲ့ သူတွေပေါ့။ သမ္မတဆီ တင်ပြထားတယ်။ လှုပ်ရှားမှုတွေ လုပ်နေပြီ အပေါ်ဘက်မှာ စိစစ်မှုတွေလုပ်နေပါပြီ။ ထပ်ပြီးတော့လည်း  Report တွေ ထပ်တင်ဖို့ ရှိတယ်။

မေး။      ။ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ပေါ်နေတယ်။ သေဒဏ်ပေး လိုက်ရင် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ပါ့မလား။

ဖြေ။       ။ ဒီကိစ္စက နံပါတ်တစ်က သက်ငယ်မုဒိမ်းတွေက ရက်စက်တယ်။ ယုတ်မာတဲ့ကိစ္စ။ သက်ငယ်မုဒိမ်းတွေကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ မရှိဘူး။ မုဒိမ်းမှုကျူးလွန်လို့ရှိရင် တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်ချလို့ရတယ်လို့ဆိုပါတယ်။ ဒါပဲပါတယ်။ ကလေးသူငယ်မုဒိမ်းကျင့်ခံရရင် ဘယ်လို အပြစ်ပေးဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူး။ ကလေးသူငယ် ပြည့်တန်ဆာလုပ်နေတာ သိရက်နဲ့ ခွင့်ပြုနေရင် ထောင် ၂ နှစ်ချလို့ရတယ်။ ကလေးသူငယ်ကို ဓာတ်ပုံ ဗီဒီယိုရိုက်ပြီး လုပ်တဲ့ကိစ္စဆိုရင် ထောင်ဒဏ် ၂ နှစ် ငွေဒဏ်လည်း ချလို့ရတယ်။ ကလေးမုဒိမ်းကျင့်ခံရရင် ဘယ်လို အရေးယူဆိုတာ မရှိဘူး။ အဲဒါကြောင့် ကလေးသူငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ် ပြုသင့်တယ်။ နောက်တစ်ခုက အရက်၊ မူးယစ်ဆေးဝါး၊ ဘီယာ လွယ်လွယ်ကူကူ ရနေတယ်။

အဲဒါတွေသုံးရင်းနဲ့ ဖြစ်တယ်။ နောက်တစ်ခုက မဟုတ်တဲ့ ညစ်ညမ်းခွေတွေ လူမှုကွန်ရက် အွန်လိုင်းမှာ လွယ်လွယ်ကူကူ ကြည့်လို့ရနေတယ်။ အဲဒီနှစ်ခုပေါင်းစပ်သွားတဲ့အခါကျတော့ မီးစာနဲ့ မီးခြစ်နဲ့ တွေ့တဲ့သဘောဖြစ်ပြီးတော့ ပြဿနာတွေ ဖြစ်တာပေါ့။ ကာမဂုဏ်ဆန္ဒပြင်းပြလာတဲ့လူတစ်ယောက်သည် ပညာရှိတဲ့သူဆိုရင်တော့ ကိုယ့်သိက္ခာကိုယ် ထိန်းမှာပေါ့။ ပညာနဲ့ထိန်းမှာပေါ့။ ငါကဲ့သို့သော ပုဂ္ဂိုလ်သည် ဒီလို မလုပ်သင့်ဘူးပေါ့။ ပညာလည်းမရှိ အဆင့်အတန်းလည်းမရှိရင်တော့ ဘာမဆို သူအကုန်လုပ်တော့မှာပဲ။ လူမမြင် သူမမြင် ဆိတ်ကွယ်ရာမှာ ကြီးငယ် ရွယ်လတ် မစဉ်းစားတော့ဘူး။ အဲဒါကြောင့် အဘွားအို မုဒိမ်းကျင့်တာနဲ့ သက်ငယ်မုဒိမ်းကျင့်မှုတွေက ဆွဲဆောင်မှုမရှိတဲ့သူတွေကို မုဒိမ်းကျင့်ကတည်းက သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေပြီ။ ဒါတွေကို နံပါတ်တစ် တားဆီးရမယ်။ မူးယစ်ဆေးဝါးကို တားဆီးရမယ်။ လူမှုကွန်ရက်နဲ့ အွန်လိုင်းမှာ ညစ်ညမ်းခွေ တွေ လွယ်လွယ်ကူကူရနေတာကို စီမံချက်နဲ့ တားဆီးရမယ်။ နောက်တစ်ခုက ဟိုးအရင်တုန်းက ကျနော်တို့ရွာတွေမှာ အရက်ဆိုင်ထိုင်ရင် ခိုးကြောင်ခိုးဝှက်နဲ့ထိုင်ရတယ်။ အခုက လမ်းတိုင်းနေရာတိုင်း အရက်ဆိုင်၊ ဘီယာဆိုင်တွေအပြည့်။ အရက်မသောက်၊ ဘီယာမသောက်ရင်ကို ခေတ်မမီ သလိုဖြစ်လာတယ်။ အမျိုးသမီးတွေလည်း သောက်လာကြတယ်။ ဒါတွေကိုလည်း ထိန်းချုပ်ရမယ်။ ထိန်းချုပ်ဖို့ နည်းလမ်းရှာရမယ်။

သေဒဏ်ပေးလိုက်တာနဲ့ မုဒိမ်းမှုတွေ လျှော့မလားဆိုတော့ မလျှော့ပါဘူး။ ကြိုတင်ကာကွယ်မှုတွေ မရှိဘဲနဲ့ တော့ မလျှော့ဘူး။ ဒီလူ့ကို သတ်လည်း နောက်ထပ် ကျူးလွန်သူ ထပ်ပေါ်လာနိုင်တယ်။ အဲဒီတော့ သတ်ရင် သေဒဏ်ပေးရင် တိုင်ကြားမှုတွေလည်း လေ ျှာ့သွားနိုင်တယ်။ မုဒိမ်းကျင့်သူတွေမှာ အဖေ၊ ဦးလေး ၊ အဖိုးတွေ ပါနေတော့ ငါတိုင်ရင် ငါ့အဖေ ဦးလေး အဖိုး အသတ်ခံရမှာပဲဆိုပြီး မတိုင်ဘဲနဲ့ နောက်တစ်ကြိမ် အမင်္ဂလာ အဖြစ်မခံဘဲ ငြိမ်နေတာတွေလည်း ရှိလာနိုင်တယ်။ မတိုင်ရဲတဲ့သဘောဖြစ်လာနိုင်တယ်။ နည်းကောင်းနည်း သွားနိုင်တယ်။ မြုံနေတဲ့ အနာလို လှိုက်စားနိုင်တယ်။ ဒါကြောင့် သေဒဏ်ပေးခြင်းကိုတော့ ဆင်ဆင်ခြင်ခြင် လုပ်သင့်တယ်လို့ထင်ပါတယ်။ သေဒဏ်ပေးခြင်းထက် ပိုပြီး ထိရောက်တဲ့ ပြစ်ဒဏ်ကတော့ ထောင်ထဲမှာ မလွတ်စတမ်းထားမယ်။ သူ့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်။ ဘာသာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် ပြောင်းလဲနိုင်တယ်။ ဒီလိုလူမျိုးကို လူ့အဖွဲ့အစည်းနဲ့ အဆက်ဖြတ်ပြီး ထောင်ထဲမှာ ထားခြင်းဖြင့် ပတ်ဝန်းကျင်က အတော်ကို သက်သာရမယ်။ ဒီလိုလူမျိုးကို ထောင်ဒဏ် နှစ်တို ချခြင်းကိုတော့ ကန့်ကွက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.