အသံထွက်ပီပြင်ပြီး Beat အသံလည်းကောင်းတဲ့ Touch Two Bluetooth နားကြပ်

Bluetooth နားကြပ်တွေထဲမှာ ဈေးနှုန်းလည်းသောင်းဂဏန်းလောက်နဲ့ Quality မြင့်မြင့် ကိုင်ဖို့ဆိုတာ တော်တော်ကို မလွယ်တဲ့ကိစ္စကြီးပါပဲ။ ဒါပေမယ့် Touch Two ဆိုတဲ့ တံဆိပ်နဲ့ Bluetooth နားကြပ်ကတော့ Stero အသံမျိုးထွက်ပေးနိုင်တဲ့ နားကြပ်တစ်ခုပါ။ သူက Wireless စနစ်နဲ့ အလုပ်လုပ်တာဖြစ်ပြီးတော့ Beatz အသံကလည်း ကွဲအပ်တဲ့ပုံစံမျိုးမဟုတ်ပဲ တကယ့် နားကြပ်အကောင်းစားတွေလိုမျိုး အသံထွက်က အရမ်းကောင်းပါတယ်။ ဘထ္ထရီကလည်း တစ်ခါအသုံးပြုရင် ၆ နာရီလောက် အသုံးပြုလို့ရပြီး ပြန်အားသွင်းဖို့လည်း ပါဝါဘန့်လိုမျိုး အခု Touch Twoနားကြပ်သီးသန့် ကိုအားသွင်းဖို့ Box လေးနဲ့တွဲလာပါတယ်။ Touch Two ဆိုသလိုပဲ သူ့ရဲ့ နားကြပ်ကိုဖွင့်တာမှာ ခလုတ်နဲ့မဟုတ်ပဲ Touch နှိပ်ပြီးတော့ဖွင့်ရတာဖြစ်ပါတယ်။ဖုန်းနဲ့အကွာအဝေးကတော့ ၅မီတာကနေ ၁၀ မီတာအတွင်းဖြစ်ပါတယ်။
နားကြပ်အလေးချိန်ကလည်း ၅ ဂရမ်လောက်ပဲရှိတာကြောင့် နားမှာတပ်ထားလို့တပ်ထားမှန်းတောင်သမှာမဟုတ်ပါဘူး။
အားသာချက်တွေကိုပြန်ရေးပေးရမယ်ဆိုရင်တော့ Beatz အသံက ကောင်းတာရယ်၊ အသံက အပြင်ကိုလျှံမထွက်တာရယ်၊ ဖုန်းလည်းပြောလို့ရတဲ့အပြင် သီချင်းနားထောင်လို့ရတာရယ်၊ Power ကုန်သွားလည်း Touch Two ကိုအားသွင်းဖို့အတွက် Power Bank ပါဝင်တာရယ်၊ Touch စနစ်နဲ့ အလုပ်လုပ်တာရယ် စတာတွေပဲဖြစ်ပြီး ဈေးနှုန်းကတော့ ၄၅၀၀၀ ကျပ်ဖြစ်ပါတယ်။ အရောင်ကလည်း အမဲရယ်၊ အနီရယ်၊ ရွှေရောင်ရယ်၊ ပန်းရောင်ရယ်ဆိုပြီးရှိပါတယ်။ အမဲရောင်ကတော့ပိုလန်းတာပေါ့ 🙂
ဒါလောက်ဆိုရင်တော့ Bluetooth နားကြပ်ကို ကွာလတီကောင်းကောင်းဈေးသက်သက်သာသာနဲ့ ပစ္စည်းလေးကို စာဖတ်သူတွေ ကြိုက်ကျမယ်ထင်ပါတယ်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ