မွတ်စလင်တွေအပေါ် ပြစ်မှုကျူးလွန်တဲ့ စွပ်စွဲမှုအတွက် မြန်မာဘက်က ပြန်တုံ့ပြန်ဖို့ ICC တောင်းဆို
ရန်ကုန်၊ ဇွန် ၂၂
မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှ မွတ်စလင်တွေအပေါ် နှင်ထုတ်ခဲ့မှု အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲမှုတွေအတွက် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား ပြန်လည်တုံ့ပြန်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှ တရားသူကြီးတွေက ဆုံးဖြတ်ချက်ချ တောင်းဆိုလိုက်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ထဲမှာ တရာသူကြီးတွေက မြန်မာနိုင်ငံအနေနဲ့ မွတ်စလင်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ ဇူလိုင်က ၂၇ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC အနေနဲ့ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်ပါတယ်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ