Local News

ပြည်သူရွေးချယ်သော ရန်ကုန်ဒုမြို့တော်ဝန် ခန့်ထားနိုင်သည့် စည်ပင်ဥပဒေ အသက်ဝင်ပြီ

ရန်ကုန်၊ ဇွန် ၂၉

ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် စည်ပင် ကိုယ်စားလှယ်ကို ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်နိုင်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းအစိုးရက ဇွန်လ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဇွန်လ၂၅ရက်နေ့ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရကပါ လက်ခံ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကို အစိုးရက ခန့်အပ်သည့် ကိုယ်စားလှယ် ၅ ဦးနှင့် ပြည်သူက ရွေးချယ် တင်မြှောက်သူ (၆) ဦး၊ စုစုပေါင်း(၁၁) ဦးဖြင့် ဖွဲ့စည်း မည် ဖြစ်ပြီး ပြည်သူ ရွေးချယ်ထားသော ကိုယ်စားလှယ် ၆ ဦးအနက်မှ တစ်ဦးကို  ဒုတိယမြို့တော်ဝန်အဖြစ် ကျန်သော စည်ပင်ကိုယ်စားလှယ်များက ဝိုင်းဝန်းရွေးချယ်ရမည်ဖြစ်သည်။

ပြည်သူ ရွေးကောက်တင်မြှောက်မည့် စည်ပင် ကော်မတီဝင်များ ကို မဲပေး ရွေးချယ်ရာ တွင် ယခင်က တစ်အိမ်ထောင် တစ်ယောက်သာ မဲပေးခွင့် ရှိသော်လည်း အသစ်ပြဌာန်းသည့် ယခု ဥပဒေတွင် အသက်၁၈ နှစ် ပြည့်သူတိုင်း က မဲပေးခွင့် ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်ရာထူးကို သမ္မတက တိုက်ရိုက်ခန့်အပ်သည့်ရာထူးဖြစ်ပြီး ဒုတိယမြို့တော်ဝန် ရာထူးကို ပြည်သူက ရွေးချယ်ခွင့်ရရှိခြင်းဖြစ်ကာ မြို့တော်ဝန်က လွှဲပေးမည့် တာဝန်များကို ဒုတိယမြို့တော်ဝန်က ထမ်းဆောင်ရမည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.